Saturday, 25 February 2012

REVIT PLATFORM သို့  ချဉ်းကပ်ခြင်း - အပိုင်း(၂)


အခုမှ REVIT Platform ကို တကယ်ချဉ်းကပ်တော့မှာပါ။

REVIT ဆိုတာ ဘာလဲ

BIM ရဲ့ Process ကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်တဲ့ Software ဆိုရင် လွန်မယ်မထင်ဘူး။

သူ့ မှာ AEC ရဲ့  Discipline အပေါ်မူတည်ပြီး Software (၃)မျိုးခွဲထုတ်ထား ပါတယ်။

  • Revit Architecture
  • Revit Structure
  • Revit MEP (Mechanical, Electrical, Plumbing) ဆိုပြီးတော့လေ။
REVIT File Format

Software ရယ်လို့  (၃)မျိုးခွဲထုတ်ထား ပေမယ့် File Format ကိုတော့ ဘုံအနေနဲ့  မတူတဲ့ Discipline တွေ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဒီလိုပဲ ခွဲထားတယ်ဗျာ။

  • *.rvt (Project File)
  • *.rte (Project Template File)
  • *.rfa (Family File)
  • *.rft (Family Template File) ရယ်လို့  (၄)မျိုးပဲ ရယ်ထဲပါ။
Data Exchange File Format အနေနဲ့ ကတော့

  • *.adsk (Autodesk Data Exchange File)
  • *.ifc (Industry Foundation Classes File)
  • *.fbx (FiLMBOX File) ) ရယ်လို့  (၃)မျိုးကို အသုံးပြုနိုင်ပါတယ်။
ဒါ့ အပြင် Add-on Third Party Software တွေအပေါ်မူတည်ပြီးတော့လည်း ဆိုင်ရာ File Format တွေကိုလည်း အလျှင်းသင့်သလို အသုံးပြုနိုင်ပါတယ်။


REVIT ဖွဲ့ စည်းပုံ

  1. Revit Model ကို Element တွေနဲ့  တည်ဆောက်ကြရတယ်။ Revit Model ရဲ့  အစိတ်အပိုင်းအားလုံးဟာ Element တွေပဲ။
  2. အဲဒီ Element တွေကို Category အလိုက် အုပ်စုတွေ ခွဲထားကြတယ်။ (i.e. Column, Wall, Beam, Door, Window,…)
  3. Category တစ်မျိုးစီရဲ့  အောက်မှာမှ ဆိုင်ရာ Family အမျိုးကွဲတွေက ရှိနေတာ။ (i.e. Rectangular Column, Square Column, Round Column…)
  4. Family တစ်မျိုးစီရဲ့  အောက်မှာမှ Family Type ဆိုတဲ့ အမျိုးကွဲလေးတွေက ရှိနေပြန်ရော။ (i.e. 300x300 Sq Column, 400x400 Sq Column,…)
  5. အဲဒီ Type ဆိုတဲ့ Family အမျိုးကွဲလေးတွေကိုမှ Parameter တွေနဲ့  တည်ဆောက်ကြတာ။ (ဒါမှ Revit Model ရဲ့  Element တွေဟာ Parametric Relationship ဖြစ်နေမှာပေါ့။)
  6. အဲဒီ Parameter တွေကိုထပ်ပြီး Type နဲ့  Instance ဆိုပြီး (၂)မျိုး ထင်ခွဲထားပြန်တယ်။ (သတိ - Family Type နဲ့  Parameter ရဲ့  Type ကို မရောထွေးသွားနဲ့ နော်။ ဟူး…ရှူပ်နေတာပဲ…ဟီးဟီး)
  7. Family Type တစ်ခုရဲ့ အောက်မှာ Type Parameter (or) Instance Parameter (or) နှစ်ခုစလုံး ဖြစ်စေ ပါဝင်နေနိုင်တယ်။ (Family တည်ဆောက်ခြင်း အခန်းမှပဲ အသေးစိတ် ရှင်းတော့မယ်။ ရတယ်ဟုတ်…)
REVIT မှာ Element အားဖြင့် ဘယ်နှစ်မျိုးရှိလဲ

Element အားဖြင့် (၃)မျိုး ခွဲထားပါတယ်။

  1. Model Elements
  2. Datum Elements
  3. View Specific Elements ရယ်လို့ ပေါ့။
Model Elements ဆိုတာ Building Model တစ်ခုလုံးကို တည်ဆောက်တဲ့ 3D Element အားလုံးကို ဆိုလိုတာ။ (ရှင်းတယ်ဟုတ်…)

Datum Elements ဆိုတာ Building Model တည်ဆောက်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ Reference Line/ Plane တွေကို ဆိုလိုတာ။ Grids, Levels, Reference Lines, Reference Planes,… စသည်ဖြင့်ပေါ့။

View Specific Elements ဆိုတာကတော့ Building Model တစ်ခုမှာ ပါဝင်နေတဲ့ View တွေအများကြီးထဲက View တစ်ခုခြင်းစီနဲ့ ပဲ သက်ဆိုင်တဲ့ Element တွေကို ဆိုလိုတာ။ Texts, Tags, 2D Detail Components,… စသည်ဖြင့်ပေါ့။


REVIT မှာ Family အားဖြင့် ဘယ်နှစ်မျိုးရှိလဲ

Family အားဖြင့် (၃)မျိုး ခွဲထားပါတယ်။

  1. System Family
  2. In-place Family
  3. External Family ရယ်လို့ ပေါ့။
System Family ဆိုတာ Revit Project တစ်ခုမှာ Built-in ပါဝင်နေတဲ့ Family တွေကို ဆိုလိုတာ။ (i.e. Walls, Slabs/ Floors, Roofs, Stairs, Grids, Levels,…)

သူတို့ ဟာ Revit Project တစ်ခုစီရဲ့  System ထဲမှာပဲ တည်ရှိနေနိုင်ကြတယ်။ Project ရဲ့  Host (အထိုင်) Element တွေလို့  ပြောလို့ ရတယ်။ သူတို့ ကို သတ်မှတ်ကန့် သတ်ချက် အတွင်းမှာပဲ Edit လုပ်နှိုင်တယ်။ သီးခြား File တစ်ခု အနေနဲ့  မထားနှိုင်ဘူး။ (ပေါက်တယ်ဟုတ်…ဟီးဟီး..)


In-place Family ဆိုတာ Revit Project တစ်ခုထဲမှာ အလွယ် ဖန်တီးလိုက်တဲ့ Family တွေကို ဆိုလိုတာပါ။ သုံးနေကျမဟုတ်တဲ့ Form တွေ Shape တွေကို ဖန်တီးတဲ့အခါမျိုးပေါ့။ သူ့ ကိုပဲ Parameter တွေနဲ့  Assign လုပ်ပြီး External Family အနေနဲ့  သီးခြား File တစ်ခုအဖြစ် Save ထားနိုင်တယ်။ သူ့ အတွက် ကြိုက်ရာ Category ကိုလည်း ရွေးချယ်သတ်မှတ်နှိုင်တယ်။



External Family ဆိုတာ Revit Project တစ်ခုအတွက် အပြင်ကနေ Load လုပ်ပြီး သုံးလို့ ရတဲ့ Family တွေကို ဆိုလိုတာပါ။ Component Element တွေလို့  ပြောလို့ ရတယ်။ သူတို့ ကို သီးခြား File တစ်ခုအနေနဲ့ တည်ဆောက်ပြီး Library ထဲမှာ သိမ်းထားရတယ်။ လိုအပ်တဲ့ ဘယ် Revit Project ကဖြစ်ဖြစ် အလွယ်တကူ Load လုပ်ပြီး သုံးလို့ ရတယ်။ အချိန်မရွေး Edit လုပ်နှိုင်တယ်။ လိုချင်တဲ့ Parameter တွေကိုလည်း ထပ် Assign လုပ်နှိုင်တယ်။ ဘယ် Revit Project ကဖြစ်ဖြစ် အဲဒီ ပြောင်းလဲမှုတွေကို Reload လုပ်ရုံနဲ့  ရှိထားပြီးသား Name တူ Family တွေ Automatic Update ဖြစ်သွားရော။ (ကောင်းမှကောင်း…)

(ဆက်လက်ဖေါ်ပြပါအုံးမည်။)

REVIT PLATFORM သို့  ချဉ်းကပ်ခြင်း - အပိုင်း(၁)


AEC တလောကလုံးကတော့ BIM (Building Information Modeling)
ကို အထူး အာရုဏ်စိုက်နေကြပြီ။ BIM ဆိုတာ ဘာလဲဆိုတာ သိဖို့  လိုကို လိုအပ်နေပြီ။ နဲနဲ ရွှီးကြည့်မယ်ဗျာ။

BIM ဆိုတာ ဘာလဲဆိုတာဟင်

အဓိက အကြောင်း (၂)ချက်နဲ့  BIM ကို Definition ဖွင့်ကြတယ်။

  1. Bidirectional Associativity
  2. Parametric Relationships
Bidirectional Associativity
ဆိုတာကို နားလည်သလိုပြောရရင်တော့ လုပ်ဆောင်ချက်တွေ အပြန်အလှန် နှီးနွယ်ဆက်စပ်ပေးခြင်း လို့ ဆိုရမှာပဲ။

အဲဒီတာဝန်ကို BIM Software ကအပြည့်အ၀ ဆောင်ရွက်ပေးတယ်။ User အနေနဲ့  ဘာမှလုပ်စရာမလိုဘူး။

Example:

  1. Project တစ်ခုရဲ့  Plan View ကနေ Beam တစ်ချောင်းရဲ့ Size ကို ပြောင်းလိုက် ဆိုပါဆို့ ။ Project တစ်ခုရဲ့ တခြား View တွေဖြစ်တဲ့ Section View, Elevation, 3D, QTO Schedule တွေမှာပါ အဲဒီ Beam ရဲ့ Size က Automatic Update ဖြစ်သွားတယ်။ ဒီလိုပဲ QTO Schedule ကနေ Beam ရဲ့ Marking ကို ပြင်လိုက်ရင် ကျန်တဲ့ View တွေအားလုံးမှာ Automatic Update ဖြစ်သွားတယ်။
  2. တကယ်လို့  Door တစ်ခုကို မလိုချင်လို့  ဖျက်လိုက်ရင်လည်း Project ရဲ့  View တွေအားလုံးမှာ Automatic ဖျက်ပြီးသားပဲ။
Parametric Relationships ဆိုတာကတော့ Building Model ကို ဖွဲ့ စည်းတည်ဆောက်မယ့် Element တွေရဲ့ ကြားက ပတ်သက်ဆက်သွယ်နေမှူကို သတ်မှတ် ကန့် သတ်ပေးခြင်း လို့ ဆိုရမှာပဲ။

အဲဒီတာဝန်ကိုတော့ BIM Software က Tools အနေနဲ့ ပဲ ပေးထားပြီး User က အဲဒီ Tools တွေကို အသုံးပြုရမှာပါ။

Example:

  1. Slab/ Floor ကို create လုပ်တဲ့အခါမှာ့  User က Wall နဲ့  attached လုပ်ထားတယ်ဆိုပါဆို့ ။ တကယ်လို့ အဲဒီ Wall ကို လိုအပ်လို့  ရွှေ့ ခဲ့မယ်ဆိုရင် attached လုပ်ထားတဲ့ Slab/ Floor ရဲ့  Edge ဟာ Wall နဲ့ အတူ လိုက်ပါနေပါလိမ့်မယ်။
  2. Column တစ်လုံးကို GridLine ရဲ့  Intersection Point မှာ ချလိုက်တယ်ဆိုရင်ပဲ အဲဒီ Column ဟာ အဲဒီ GridLine တွေနဲ့  Automatic ကို Parametric Relationships ဖြစ်သွားပါတယ်။ GridLine တွေရွှေ့ ရင် Column က သူတို့ နဲ့ အတူ လိုက်ပါနေပါလိမ့်မယ်။
အဲဒီ အဓိက လုပ်ဆောင်ချက်ကြီး (၂) နဲ့  ပြည့်စုံတဲ့ Software တွေကိုမှ BIM Process ကို ဆောင်ရွက်နိုင်သော BIM Software ရယ်လို့ ဆိုနိုင်ပါတယ်။

အတော်များများ မကွဲတာက BIM ကို Software လို့  ထင်နေကြတာပါ။ တကယ်တော့ BIM ဟာ Process တစ်မျိုးပါ။ အဲဒီ Process ကို ဆောင်ရွက်နိုင်သော Software ကိုမှ BIM Software ရယ်လို့ ခေါ်ဆိုနိုင်ပါတယ်။

အခုဆိုရင် BIM Software တွေကို Autodesk တင်မကတော့ပဲ CAD Software ထုတ်တဲ့ Developer တွေက အပြိုင် ထုတ်နေကြပါပြီ။ သိသလောက်တော့ Autodesk ရဲ့  Revit က လက်ရှိ Popular အဖြစ်ဆုံးပေါ့။

သိသလောက်ရေးထားတာမို့  မှားနေရင်လည်း ပြင်ပေးကြအုံးဗျို့ ။

ဝူး...မနဲရိုက်လိုက်ရတယ်။

(ဆက်လက်ဖေါ်ပြပါအုံးမည်။)