အခုမှ REVIT Platform ကို တကယ်ချဉ်းကပ်တော့မှာပါ။
REVIT ဆိုတာ ဘာလဲ
BIM ရဲ့ Process ကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်တဲ့ Software ဆိုရင် လွန်မယ်မထင်ဘူး။
သူ့ မှာ AEC ရဲ့  Discipline အပေါ်မူတည်ပြီး Software (၃)မျိုးခွဲထုတ်ထား ပါတယ်။
- Revit Architecture
- Revit Structure
- Revit MEP (Mechanical, Electrical, Plumbing) ဆိုပြီးတော့လေ။
Software ရယ်လို့  (၃)မျိုးခွဲထုတ်ထား ပေမယ့် File Format ကိုတော့ ဘုံအနေနဲ့  မတူတဲ့ Discipline တွေ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဒီလိုပဲ ခွဲထားတယ်ဗျာ။
- *.rvt (Project File)
- *.rte (Project Template File)
- *.rfa (Family File)
- *.rft (Family Template File) ရယ်လို့  (၄)မျိုးပဲ ရယ်ထဲပါ။
- *.adsk (Autodesk Data Exchange File)
- *.ifc (Industry Foundation Classes File)
- *.fbx (FiLMBOX File) ) ရယ်လို့  (၃)မျိုးကို အသုံးပြုနိုင်ပါတယ်။
REVIT ဖွဲ့ စည်းပုံ
- Revit Model ကို Element တွေနဲ့  တည်ဆောက်ကြရတယ်။ Revit Model ရဲ့  အစိတ်အပိုင်းအားလုံးဟာ Element တွေပဲ။
- အဲဒီ Element တွေကို Category အလိုက် အုပ်စုတွေ ခွဲထားကြတယ်။ (i.e. Column, Wall, Beam, Door, Window,…)
- Category တစ်မျိုးစီရဲ့  အောက်မှာမှ ဆိုင်ရာ Family အမျိုးကွဲတွေက ရှိနေတာ။ (i.e. Rectangular Column, Square Column, Round Column…)
- Family တစ်မျိုးစီရဲ့  အောက်မှာမှ Family Type ဆိုတဲ့ အမျိုးကွဲလေးတွေက ရှိနေပြန်ရော။ (i.e. 300x300 Sq Column, 400x400 Sq Column,…)
- အဲဒီ Type ဆိုတဲ့ Family အမျိုးကွဲလေးတွေကိုမှ Parameter တွေနဲ့  တည်ဆောက်ကြတာ။ (ဒါမှ Revit Model ရဲ့  Element တွေဟာ Parametric Relationship ဖြစ်နေမှာပေါ့။)
- အဲဒီ Parameter တွေကိုထပ်ပြီး Type နဲ့  Instance ဆိုပြီး (၂)မျိုး ထင်ခွဲထားပြန်တယ်။ (သတိ - Family Type နဲ့  Parameter ရဲ့  Type ကို မရောထွေးသွားနဲ့ နော်။ ဟူး…ရှူပ်နေတာပဲ…ဟီးဟီး)
- Family Type တစ်ခုရဲ့ အောက်မှာ Type Parameter (or) Instance Parameter (or) နှစ်ခုစလုံး ဖြစ်စေ ပါဝင်နေနိုင်တယ်။ (Family တည်ဆောက်ခြင်း အခန်းမှပဲ အသေးစိတ် ရှင်းတော့မယ်။ ရတယ်ဟုတ်…)
Element အားဖြင့် (၃)မျိုး ခွဲထားပါတယ်။
- Model Elements
- Datum Elements
- View Specific Elements ရယ်လို့ ပေါ့။
Datum Elements ဆိုတာ Building Model တည်ဆောက်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ Reference Line/ Plane တွေကို ဆိုလိုတာ။ Grids, Levels, Reference Lines, Reference Planes,… စသည်ဖြင့်ပေါ့။
View Specific Elements ဆိုတာကတော့ Building Model တစ်ခုမှာ ပါဝင်နေတဲ့ View တွေအများကြီးထဲက View တစ်ခုခြင်းစီနဲ့ ပဲ သက်ဆိုင်တဲ့ Element တွေကို ဆိုလိုတာ။ Texts, Tags, 2D Detail Components,… စသည်ဖြင့်ပေါ့။
REVIT မှာ Family အားဖြင့် ဘယ်နှစ်မျိုးရှိလဲ
Family အားဖြင့် (၃)မျိုး ခွဲထားပါတယ်။
- System Family
- In-place Family
- External Family ရယ်လို့ ပေါ့။
သူတို့ ဟာ Revit Project တစ်ခုစီရဲ့  System ထဲမှာပဲ တည်ရှိနေနိုင်ကြတယ်။ Project ရဲ့  Host (အထိုင်) Element တွေလို့  ပြောလို့ ရတယ်။ သူတို့ ကို သတ်မှတ်ကန့် သတ်ချက် အတွင်းမှာပဲ Edit လုပ်နှိုင်တယ်။ သီးခြား File တစ်ခု အနေနဲ့  မထားနှိုင်ဘူး။ (ပေါက်တယ်ဟုတ်…ဟီးဟီး..)
In-place Family ဆိုတာ Revit Project တစ်ခုထဲမှာ အလွယ် ဖန်တီးလိုက်တဲ့ Family တွေကို ဆိုလိုတာပါ။ သုံးနေကျမဟုတ်တဲ့ Form တွေ Shape တွေကို ဖန်တီးတဲ့အခါမျိုးပေါ့။ သူ့ ကိုပဲ Parameter တွေနဲ့  Assign လုပ်ပြီး External Family အနေနဲ့  သီးခြား File တစ်ခုအဖြစ် Save ထားနိုင်တယ်။ သူ့ အတွက် ကြိုက်ရာ Category ကိုလည်း ရွေးချယ်သတ်မှတ်နှိုင်တယ်။
External Family ဆိုတာ Revit Project တစ်ခုအတွက် အပြင်ကနေ Load လုပ်ပြီး သုံးလို့ ရတဲ့ Family တွေကို ဆိုလိုတာပါ။ Component Element တွေလို့  ပြောလို့ ရတယ်။ သူတို့ ကို သီးခြား File တစ်ခုအနေနဲ့ တည်ဆောက်ပြီး Library ထဲမှာ သိမ်းထားရတယ်။ လိုအပ်တဲ့ ဘယ် Revit Project ကဖြစ်ဖြစ် အလွယ်တကူ Load လုပ်ပြီး သုံးလို့ ရတယ်။ အချိန်မရွေး Edit လုပ်နှိုင်တယ်။ လိုချင်တဲ့ Parameter တွေကိုလည်း ထပ် Assign လုပ်နှိုင်တယ်။ ဘယ် Revit Project ကဖြစ်ဖြစ် အဲဒီ ပြောင်းလဲမှုတွေကို Reload လုပ်ရုံနဲ့  ရှိထားပြီးသား Name တူ Family တွေ Automatic Update ဖြစ်သွားရော။ (ကောင်းမှကောင်း…)
(ဆက်လက်ဖေါ်ပြပါအုံးမည်။)
Thanks a lots for your knowledge sharing!!!
ReplyDelete