Saturday, 14 April 2012

REVIT PROJECT တစ်ခုကို SETTING ဘယ်လိုလုပ်သလဲ - အပိုင်း(၃)


NEW PROJECT FILE တစ်ခုဖန်တီးခြင်း
Revit မှာ New Project File တစ်ခုဖွင့်ဖို့  (၃)နေရာရှိတယ်ဆိုတာကို ပြီးခဲ့တဲ့ Post တွေမှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအထဲက (၂)နေရာဖြစ်တဲ့ Quick Access Toolbars> New (and) Recent File > Projects> New တို့ ကို သုံးမယ်ဆိုရင် ကိုယ့်မှာ အဆင်သင့်ပြင်ဆင်ထားတဲ့ Project Template File(.rte) ကို Options> File Location ရဲ့ အောက်မှာ အသင့် ချိတ်ထားဖို့  လိုအပ်ပါတယ်။ ဘာမှ အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာတော့ ကျန်တဲ့ (၁)နေရာဖြစ်တဲ့ Application Menu> New> Project ကပဲ သွားသင့်ပါတယ်။ ဒါမှ မိမိအသုံးပြုချင်တဲ့ Unit (Metric/ Imperial) နဲ့  Project Template File(.rte) ကို ရွေးချယ်နိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်ပိုင် Project Template File(.rte) ကို ဖန်တီးချင်ရင်ပဲဖြစ်ဖြစ်ပေါ့။ ကဲ…ပြောနေကြာရော့မယ်။ New Project File တစ်ခု ဖွင့်လိုက်ကြရအောင်။

Go to Application Menu> New> Project ဆိုရင်ပဲ New Project Dialog Box လေး ပွင့်လာပါလိမ့်မယ်။ အဲဒီမှာ Template File ရယ်၊ Create New ရယ် ဆိုပြီး အပိုင်း(၂)ပိုင်းတွေ့ ရပါမယ်။

Template File ရဲ့ အောက်မှာ None, C:/… ဆိုတဲ့ Option (၂)ခုရှိပါမယ်။

  • None ကတော့ AutoCAD ရဲ့  Start from Scratch နဲ့ တူပါတယ်။ ဘာမှာမပါတဲ့ ဟောင်းလောင်း File တစ်ခုပါပဲ။ တော်ရုံ Expert တွေတောင် မသုံးကြတဲ့ Option ပါပဲ။ (ကြုံတုန်းပြောရအုံးမယ်။ Revit Platform မှာ ဖြစ်နိုင်ရင် New Project File ဖန်တီးတဲ့အခါ Default ပေးထားတဲ့ Template File(.rte) တွေကနေပဲသွားသင့်ပါတယ်။ New Family ဆောက်ရင်လည်း မကျွမ်းကျင်ခင်မှာ ရှိနှင့်ပြီးသား Family ကို Save As လုပ်ပြီး ဆိုင်ရာ Parameter တွေကို မိမိလိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြုပြင်ပြီး သုံးတာက ပိုပြီးသင့်တော်ပါတယ်။ ဒါမှ ကိုယ်လည်း အဲဒီ Process တွေနဲ့  အလျင်အမြန် ရင်းနှီးသွားမှာဖြစ်ပါတယ်။ မဟုတ်ရင် အစမှာတင် တစ်ပြီး စိတ်ရှုပ်စရာတွေအဖြစ် ထင်သွားတတ်ပါတယ်။)
  •  ဒါကြောင့်  C:/… ဆိုတဲ့ Option ရဲ့ ဘေး Browser ကနေတဆင့်  Default ပေးထားတဲ့ Template File(.rte) တွေထဲက သင့်တော်မယ့် Template (i.e. DefaultMetric.rte) ကို ရွေးပါ့မယ်။

ကဲ…ဒုတိယအပိုင်းဖြစ်တဲ့ Create New ရဲ့ အောက်မှာတော့ Project ရယ်၊ Project Template ရယ်ဆိုပြီး Option (၂)ခုရှိပြန်ပါတယ်။ ဒါကတော့ အခုအသစ်ဖွင့်ချင်တဲ့ File ကို Project File အနေနဲ့ ဖွင့်မလား၊ Project Template File အနေနဲ့ ဖွင့်မလားဆိုတာကို ဆုံးဖြတ်ဖို့ ပါ။ (တခါတလေစိတ်နဲ့ လူနဲ့  မကပ်တဲ့ အခါ ကိုယ်က Project File ဖွင့်ချင်တာကို Project Template File အနေနဲ့  ဖွင့်ပြီး ဆွဲမိနေတတ်ပါတယ်။ အဲဒီ File Format နှစ်ခုဟာ အားလုံးနီးပါး ဆင်တူပါတယ်။ ပြသနာက Project Template File Format မှာ Collaborate အောက်က Worksets, Synchronize တို့ ကိုသုံးလို့ မရခြင်းပါပဲ။ ဒါကြောင့် Project Template File တွေကို Central File အနေနဲ့  အသုံးမပြုနိုင်တာပါ။) ပေရှည်နေတာနဲ့  ခုထိ New Project File ကို ဖွင့်တဲ့ဆီ မရောက်တော့ဘူး။ ကဲ… Project ဆိုတာလေးကိုရွေးပြီး Project အသစ်တခု ဖွင့်လိုက်ကြစို့ ။

လာမယ့် Post မှာတော့ Revit ရဲ့  Main UI(User Interface) ကို ဖွင့်လှပ်ခြင်း ဆိုတဲ့ခေါင်းစဉ်လေးကို ဆက်လက်ဆွေးနွေးသွားပါမယ်ဆိုတာ ကြော်ငြာရင်း…

(ဆက်လက်ဖေါ်ပြပါအုံးမည်။….)

REVIT PROJECT တစ်ခုကို SETTING ဘယ်လိုလုပ်သလဲ - အပိုင်း(၂)


REVIT ရဲ့  USER INTERFACE ကို ကနဦးလေ့လာခြင်း
Revit Software(2010 & above) တခုခုကို Launch လုပ်လိုက်ရင် ပထမဆုံးပွင့်လာတဲ့ Interface Window ကို Recent File လို့ ခေါ်ပါတယ်။ သူ့ အောက်မှာ Projects, Libraries, Resources ဆိုပြီး Panel (၃)ခုကို တွေ့ ရပါမယ်။
Projects ရဲ့ အောက်မှာ Open, New ရှိပါတယ်။
  • Open နဲ့  ရှိပြီးသား Projects File(.rvt) တွေကို ဖွင့်နိုင်ပါတယ်။ Recently ဖွင့်ထားပြီးတဲ့ File (၄) ခုလောက်ကို Preview အနေနဲ့ မြင်ရပါမယ်။
  • Projects အသစ်ဖွင့်မယ်ဆိုရင်တော့ New နဲ့ ဖွင့်မယ်။ တခုရှိတာက အဲဒီ New သုံးပြီး Projects အသစ်ဖွင့်တဲ့အခါမှာ မိမိအတွက် Project Template(.rte) ကို ရွေးချယ်ခွင့်မရှိတော့ပဲ Default Setting လုပ်ထားတဲ့ Template File သာပွင့်လာမှာပါ။ (အဲဒီ Default Setting အကြောင်းကို နောက်မှာ ရှင်းပြပါမယ်။)
Libraries ရဲ့ အောက်မှာ Open, New, New Conceptual Mass, Web Library ဆိုပြီး ရှိပါတယ်။
  • Open နဲ့  မိမိရဲ့  PC Drive, Network Server Drive ထဲက ရှိပြီးသား Family File(.rfa) တွေကို ဖွင့်နိုင်ပါတယ်။
  • Family အသစ်ဖန်တီးမယ်ဆိုရင်တော့ New နဲ့ ဖွင့်မယ်။ ပြီးရင် ဖန်တီးမယ့် Family နဲ့ ဆိုင်တဲ့ Family Template(.rft) မှန်ကန်စွာ ရွေးချယ်ဖို့  အထူးလိုအပ်လှပါတယ်။
  • New Conceptual Mass ကတော့ သမရိုးကျမဟုတ်တဲ့ Form နဲ့  Conceptual Design တွေကို ဖန်တီးရာမှာ အသုံးပြုတဲ့ Mass Model တွေကို Parameter တွေနဲ့  Assign လုပ်နိုင်သော Mass Family တွေ ဖန်တီးရာမှာ အသုံးပြုပါတယ်။ Parameter Value တွေကို ပြောင်းပေးခြင်းဖြင့် Conceptual Model ရဲ့  Form/ Shape တွေကို Control လုပ်နိုင်ပါတယ်။
  • Web Library ကတော့ Autodesk က တည်ဆောက်ပေးထားတဲ့ Autodesk Seek ဆိုတဲ့ Online Family Library ပါ။ အဲဒီကနေ မိမိလိုအပ်တဲ့ Family ကို ဆွဲယူအသုံးပြုနိုင်ပါတယ်။
Resources ရဲ့ အောက်မှာ What’s News, Helps, Video ဆိုပြီးရှိပါတယ်။
  • What’s News ကတော့ အသုံးပြုတဲ့ Version ရဲ့  New Feature တွေကို လေ့လာဖို့ ပါ။
  • Helps ကတော့ အားလုံးသိပြီးသားမို့  အထွေအထူးပြောဖို့  မလိုဘူးထင်တာပဲ။
  • Videos ကတော့ Autodesk ရဲ့  Video Training တွေကို လေ့လာဖို့ ပါ။
User Interface ရဲ့  အပေါ်ဆုံး လက်ဝဲဘက်ဒေါင့်မှာ ရှိနေတဲ့ Revit Logo လေးရှိနေတဲ့ Buttom ကို Application Menu Buttom လို့  ခေါ်ပါတယ်။ အဲဒီ Buttom ကို Click လိုက်ရင် သူ့ ရဲ့ အောက်မှာ New, Open, Save Save As, Export, Publish, Licensing, Close ဆိုပြီး List အနေနဲ့  စီပြီး ရှိနေပြန်ပါတယ်။ ညာဘက်မှာတော့ Recently ဖွင့်ထားပြီးတဲ့ File တွေကို စီပြီး တွေ့ ရပြန်အုံးမယ်။ သူတို့ ရဲ့ အောက်ဆုံးမှာတော့ Options, Exit Revit ဆိုတဲ့ Buttom (၂)ခုကို တွေ့ ရပါမယ်။

Options ရဲ့ အောက်မှာတော့ General, User Interface, Graphics, File Locations, Rendering, Spelling, SteeringWheel, ViewCube, Macros ဆိုတဲ့ Palette တွေကို စီပြီး တွေ့ ရပါမယ်။ အဲဒီအထဲမှာ မိမိပြင်ချင်တဲ့ Palette အောက်ကိုသွားပြီး ပြင်နိုင်ပါတယ်။
  • General အောက်မှာ Notifications, Username, Journal Cleanup ဆိုတဲ့ Panel (၃)ခု ကိုတွေ့ ရပါမယ်။ Notifications ရဲ့  အောက်မှာ Save/ Synchronize with Central Reminder Interval တွေကို Set up လုပ်နိုင်ပါတယ်။ Username ရဲ့  အောက်မှာ မိမိရဲ့  Nick name ကို ဖြည့်ထည့်နိုင်ပါတယ်။ Journal Cleanup ရဲ့  အောက်မှာတော့ လိုအပ်သလို Manage လုပ်နိုင်ပါတယ်။
  • File Locations ရဲ့ အောက်မှာ Default Template File, Default Path for User File, Default Path for Family Template File နဲ့ Place ဆိုတဲ့ Buttom ကိုတွေ့ ရပါမယ်။
o   Default Template File မှာ မိမိအဖွဲ့ အစည်း ရဲ့  Standard နဲ့ ကိုက်ညီမယ့် Project Template(.rte) တစ်ခုကိုဖန်တီးပြီး Default Template အဖြစ် Set Up လုပ်ထားနိုင်ပါတယ်။ ဒါမှ File New ကို အထက်ကဖေါ်ပြခဲ့တဲ့ Recent File> Projects> New (or) Quick Access Toolbar> New ကို Click လိုက်တဲ့အခါ မိမိ Set Up လုပ်ထားတဲ့ Project Template(.rte) File က အဆင်သင့်ပွင့်လာမှာဖြစ်ပါတယ်။ (Project Template(.rte) File ကြောင်း အခွင့်သင့်ရင်တော့ Post တစ်ခုအနေနဲ့  ဖေါ်ပြပါအုံးမယ်။)
o   Default Path for User File မှာတော့ မိမိရဲ့  Revit Project File ကို မိမိ Save လုပ်ချင်တဲ့ Location မှာ တခါတည်း သတ်မှတ်နိုင်ပါတယ်။ အထူးသဖြင့် Workset ကို အသုံးပြုတဲ့အခါမျိုးမှာဆိုရင်ပေါ့။ Central File ကို ဖွင့်တဲ့အခါ အဲဒီ File ကို မိမိ PC Hard Drive ထဲမှာ Local File အနေနဲ့  Save လုပ်ရပါတယ်။ ဒါကြောင့် Project အလိုက်  Save လုပ်ရမယ့် Location ကို ကြိုတင်သတ်မှတ်နိုင်ပါတယ်။
o   Default Path for Family Template File မှာတော့ Family Template(.rft) တွေရဲ့  Location ကို တခါတည်း သတ်မှတ်နိုင်ပါတယ်။ ဒါမှာ Family အသစ်တစ်ခုဖန်တီးတိုင်း အဲဒီ Family Template File တွေရဲ့  Location တွေဆီ တခါတည်းရောက်သွားတာမို့  Folder အဆင့်ဆင့်ကို ဖွင့်နေစရာမလိုတော့ဘူးပေါ့။ ပုံမှန်အားဖြင့်တော့ Revit ရဲ့  Default Location Path ကိုအထူးအထွေပြင်စရာမလိုအပ်ပါဘူး။ Place ဆိုတဲ့ Buttom ကို Click လုပ်လိုက်ရင်တော့ Family Library တွေရဲ့  Location တွေကို တစ်ခုထက်ပိုပြီး  Set Up လုပ်ထားနိုင်ပါတယ်။
·         ကျန်တဲ့ Palette တွေကတော့ Default အတိုင်းပဲ အဆင်ပြေပါတယ်။

Exit Revit ကတော့ Revit Application ကို ပိတ်ဖို့ ဖြစ်ပါတယ်။

လာမယ့် Post မှာတော့ New Project File တစ်ခု ဖန်တီးခြင်း ဆိုတဲ့ခေါင်းစဉ်လေးကို ဆက်လက်ဆွေးနွေးသွားပါမယ်ဆိုတာ ကြော်ငြာရင်း…

(ဆက်လက်ဖေါ်ပြပါအုံးမည်။….)

REVIT PROJECT တစ်ခုကို SETTING ဘယ်လိုလုပ်သလဲ - အပိုင်း(၁)

REVIT PROJECT တစ်ခုအတွက် CAD Software မှာ ကြိုတင်ပြင်ဆင်ခြင်း
Revit Project တစ်ခုကို Set Up လုပ်တော့မယ်ဆိုရင် CAD Software (AutoCAD/ Microstation) တစ်ခုခုမှာ လက်ခံရရှိထားတဲ့ Topo Plan ကို အရင်ဆုံး အောက်ပါအတိုင်း စစ်ဆေးမှုတွေ၊ ပြုပြင်မှုတွေကို ပြုလုပ်ရပါမယ်။ 

1.    Topo Plan မှာပါတဲ့ Survey Point တွေဟာ သူ့ Layer နဲ့ သူ တသီးတသန့်  ရှိနေရမယ်။ (Ground Level Point, Existing Drain Top Level/ Invert Level,… စသဖြင့်ပေါ့။ Original Topo Plan မှာတော့ ပုံမှန်အားဖြင့် သူ့ Layer နဲ့ သူ ရှိနေတတ်တာ များပါတယ်။ မဟုတ်ရင်တော့ အချိန်ယူပြီး ပြုပြင်ထားသင့်ပါတယ်။ Revit ရဲ့  3D Toposurface အတွက်တော့ Ground Level Point တွေကိုပဲ ရွေးရမှာ မို့ လို့ ပါ။ ကျန်တာတွေကတော့ Building ရဲ့  Environment အတွက် လိုရင် လိုသလို အသုံးပြုဖို့ ပါ။ Existing Road/ Drain…စသဖြင့်ပေါ့။)
2.    Project ရဲ့  Proposed Grid Setting Out ကို Topo Plan မှာ နေရာချထားဖို့  အလွန်လိုအပ်ပါတယ်။ သူနဲ့ တွဲပြီး True North နဲ့  Project North ကိုဖေါ်ပြထားတဲ့ အမှတ်အသားလေးကို မမေ့ဖို့  အထူးလိုအပ်လှပါတယ်။
3.    Proposed Road Layout နဲ့  Project ရဲ့  Footprint တို့ ကိုပါ တခါတည်း နေရာချထားနိုင်ရင်ဖြင့် အတိုင်းထက်အလွန်ပေါ့။
4.    မလိုအပ်တဲ့ Section တို့ ၊Tree Table တို့ နဲ့  အခြား မလိုအပ်တဲ့ Element တွေကို ကြိုရှင်းထားသင့်ပါတယ်။ Topo Plan က အဓိကယူမှာက
a.    Existing Groung Level Points
b.    Site Boundary
c.    North Point Symbol
d.    Existing Road/ Drain… ဒီလောက်ဆို လုံလောက်ပြီထင်တာပဲ။ ပြီးရင် Audit တို့ ၊ Purge တို့ လုပ်ဖို့ က အရေးကြီးပြန်ရော။ ဒါမှာ့ ချိတ်မယ့် Topo Plan ရဲ့  File Size ကသေးသွားမှာ။
5.  အားလုံးပြီးပြီဆိုရင် အဲဒီ Topo Plan တခုလုံးကို Site Boundary ရဲ့  ဘယ်လက်အောက်ဆုံး Point တစ်ခု(or) Grid Intersection Point တစ်ခု ကကိုင်ပြီး WCS ရဲ့ Origin Point(0,0)မှာ ပြောင်းရွေ့  နေရာချပေးရပါမယ်။
6.  တကယ်လို့  2D dwg Format နဲ့ Framing Layout/ Floor Plan တွေကနေ Model တည်ဆောက်မယ်ဆိုရင်တော့ အဲဒီ 2D dwg File တွေရဲ့  Orientation နဲ့ Origin Point ကို Topo Plan ရဲ့ Setting အတိုင်းထားသင့်ပါတယ်။ ဒါမှာ Revit Project ဆီကို Origin to Origin နဲ့  Link/ Import လုပ်တဲ့အခါ 2D dwg အားလုံးဟာ တထပ်တည်းကျနေမှာဖြစ်ပါတယ်။ (ဖြစ်နိုင်ရင်တော့ အဲဒီ 2D dwg အားလုံးထဲက Model အတွက် မလိုအပ်တဲ့ Hatch, Dimension,… စတာတွေကို ရှင်းထားပြီး dxf Format ကိုပါ ပြောင်းထားသင့်ပါတယ်။ ဒါမှ တည်ဆောက်မယ့် Model ရဲ့  File Size ကြီးထွားမှုကို အတိုင်းအတာတစ်ခုအထိ ဟန့် တားနိုင်ပါလိမ့်မယ်။ တချို့ အကြံပေးချက်တွေဆိုရင် … လိုတဲ့ Element ကိုပဲချန်ပြီး ကျန်တာအားလုံးကို Delete လုပ်၊ Audit/ Purge လုပ်၊ One Layer အဖြစ်ပြောင်း၊ ပြီးရင် dxf Format နဲ့  Save လုပ်ခိုင်းတာ။ ဒါပေမယ့် ချိတ်မယ့်  2D dwg တွေက အသက်ဝင်နေသေး၊ Update လုပ်နေသေးတယ်ဆိုရင်တော့… အထက်ကဖေါ်ပြခဲ့တာတွေကို မေ့လိုက်တော့။ ဒါမှ မိမိ Model ကို Updated 2D dwg တွေနဲ့  Coordinate လုပ်နိုင်မှာ။)

ကြိုတင်ပြင်ဆင်မှုကို အသေအချာလုပ်နိုင်လေ Revit Modeling အပိုင်းမှာ ချောမွေ့ လေပါပဲ။ ဒါကြောင့် 3D Software တွေ ဘယ်လောက်ကောင်းကောင်း 2D CAD တွေကိုတော့ စွန့် ပစ်လို့  မရနိုင်သေးတာ။
လာမယ့် Post ဆိုရင်တော့ Revit ရဲ့  ရင်ခွင်သစ်ဆီကို အမှန်တကယ် ရောက်ရှိတော့မှာပါ။ ငယ်ကချစ်…အနှစ်တစ်ရာ…တဲ့…။ 2D CAD လေးတွေကို မေ့ရ၀ူးနော်…Hand-drawn ဘ၀လေးကိုကောပဲ…။

(ဆက်လက်ဖေါ်ပြပါအုံးမယ်…)


REVIT PLATFORM သို့  ချဉ်းကပ်ခြင်း - အပိုင်း(၃)

DESIGN MODEL တစ်ခုရဲ့  WORK FLOW
Building တစ်လုံးကို Revit Platform မှာ တည်ဆောက်တော့မယ်ဆိုရင် 

1.    ပထမဆုံးလိုအပ်တာက အဲဒီ Building တည်ဆောက်မယ့်နေရာရဲ့  လက်ရှိမြေမျက်နှာသွင်ပြင်အနေအထားပါ။ အဲဒီအတွက် ပုံမှန်အားဖြင့် Dwg Format နဲ့  Survey Info တွေ ပြည့်စုံတဲ့  Topo Plan တစ်ပုံ လိုအပ်ပါတယ်။ Topo Plan မှာပါဝင်နေတဲ့ Survey Points တွေဟာ Real Position မှာရှိနေ ဖို့ အရေးကြီးပါတယ်။ (တခါတလေမှာ Flatten လုပ်ပြီးသား ဖြစ်နေတတ်လို့ ပါ။ အကြောင်းကတော့  Topo Plan.dwg ကို Revit Project ထဲကို Link/ Import Dwg လုပ်ပြီးတာနဲ့  အဲဒီ ပုံရဲ့  Survey Points တွေနဲ့  3D Topo Surface ကို Create လုပ်မှာမို့ လို့ ပါ။ Autodesk Civil 3D ကနေလည်း 3D Topo Surface ကို ရနိုင်ပါတယ်။)
2.    Revit Project ထဲကို Topo Plan ရောက်လာပြီဆိုရင် Project ရဲ့ လက်ရှိပထ၀ီအနေအထားတွေကို စပြီး Set Up ရပါမယ်။ အဓိက လုပ်မှာက
  • Project North and True North
  • Site Property Line
  • Coordinates
  • Relocate the Project Level… စတာတွေကို Set Up ရပါမယ်။ (Project Location/ Address ကို အတိအကျသိရင်ဖြင့် လက်ရှိမြေမျက်နှာသွင်ပြင်အနေအထားအပြင် အချိန်ရာသီကိုလိုက်ပြီး အဲဒီနေရာဒေသရဲ့  ရာသီဥတု၊ နေ၀င်နေထွက်လမ်ကြောင်း စတာတွေကိုပါ ပြင်ဆင်နှိုင်တာပေါ့။)
3.    အဲဒီနောက် ကိုကိုမမ Architect တွေ Conceptual Design ကို Conceptual Mass or Mass Modeling တို့ နဲ့  စပြီးဖန်တီး လက်စွမ်းပြနိုင်ကြပါတော့တယ်။
4.    Conceptual Design ကနေ Floor Area, Wall Surface Area, Solar Study, Energy Analysis တွေ တသီကြီးကိုလည်း တဆက်တည်း လုပ်ဆောင်နိုင်ကြပါတယ်။ (အနော်တော့ ဘာမှသိဝူး…)
5.    တဆက်တည်း Grid Setting Out နဲ့  Preliminary Design ထွက်လာရင်ဖြင့် အနော်တို့ လို Structure ဘက်က အလုပ်စလုပ်လို့  ရပါပြီ။ MEP လည်း စထားလို့  ရပါတယ်။ Archi Model မှာ Finishing တွေစုံရင်တော့ MEP အတွက် System/ Analysis အပိုင်းအတွက် ပိုအဆင်ပြေမယ်ထင်တယ်နော့။ (နို့ … MEP Knowledge တော့ သုညပဲ။)
6.    Archi ရဲ့  Revit Model ကို Link ချိတ်၊ ပြီးတော့ Grids, Levels တို့ ကို Copy/ Monitor နဲ့  ကူးယူပြီး ဆိုင်ရာ Discipline ရဲ့  Revit Model ကို စတင်တည်ဆောက်ကြပါတော့တယ်။ (Copy/ Monitor နဲ့  တစ်ခြား Core Element တွေကိုလည်း ကူးယူနိုင်ပါတယ်။ ဒါပေမယ့်….မယူတာကပိုအဆင်ပြေတယ်။ Copy/ Monitor သုံးရခြင်းကတော့ Link ချိတ်ထားတဲ့ Model ရဲ့ ပြောင်းလဲမှုတိုင်းကို ခြေရာခံဖို့ နဲ့  မိမိကျေနပ်ရင် တခါတည်း လက်ခံဖို့ ပါ။ တွေဝေနေရင်လည်း ဆိုင်းငံ့လို့  ရသေးတယ်နော့။ မကျေနပ်ရင်တော့ အပြတ်သာငြင်းပစ်။ မငြင်းခင် Daddy(Project Engineer/ Manager) ကို Inform လုပ်ဖို့  မမေ့နဲ့ အုံး။ သူတို့ က ပြောပြီးဆိုပြီးနေတတ်တယ်။)
7.    တကယ်လို့  ဆိုင်ရာ Discipline မှာကိုပဲ User တစ်ယောက်ထက်ပိုပြီး Deploy လုပ်ရရင်ဖြစ်စေ၊ User တစ်ယောက်ထဲကိုပဲ စက်နိမ့်လို့ ဖြစ်စေ၊ Project က ကြီးနေလို့ ဖြစ်စေ Workset ကို အသုံးပြုပြီး အဲဒီ Project ကို အဆင်ပြေသလို စိတ်ပိုင်းဆောင်ရွက်နိုင်ပါတယ်။
8.    Client Review Stage မှာ တစ်ခုထက်ပိုတဲ့ Option တွေကို Project File တစ်ခုတည်းကနေပဲ Design Option ကို အသုံးပြုပြီး Proposal Option တွေကိုလည်း ဖန်တီးနိုင်ပါတယ်။ Client ကရွေးပြီးပြီ ဆိုတော့မှာ အဲဒီ Option ကို Accept လုပ်လိုက်ရုံနဲ့  ကျန်တဲ့ Option တွေ Auto ပျောက်သွားပါလိမ့်မယ်။
9.    A&A လို Project တွေကို တည်ဆောက်ရာမှာလည်း အင်မတန်မှ အဆင်ပြေပါတယ်။ ဘယ် Element ဟာဖြင့် New Construction ၊ ဘယ် Element ဟာဖြင့် Existing ၊ ဘယ် Element ဟာဖြင့် Demolishing လုပ်မယ့်ဟာ စသဖြင့် Phases ကိုသုံးပြီး ခွဲခြားသတ်မှတ် Assign လုပ်ထားနိုင်ပါတယ်။
10. ဒါ့အပြင် Interface Check  ကိုသုံးပြီး မိမိ Discipline Model နဲ့  အခြား Discipline Model ရဲ့  Interface တွေ အဆင်ပြေမပြေ စစ်ဆေးနိုင်ပါသေးတယ်။
11. နောက်ဆုံးပြီးသွားတဲ့ မိမိ Model ကို Rendering တို့  Walk Through တို့  လုပ်နိုင်ပါသေးတယ်။ ဆိုင်ရာ Partner Software တွေနဲ့ လည်း ချိတ်ဆက် လုပ်ဆောင်နိုင်ပါသေးတယ်။
REVIT PLATFORM သို့  ချဉ်းကပ်ခြင်းကို ဒီနေရာမှာပဲ ရပ်နားပါရစေ (ဘာဆက်ပြောရမှန်း မသိတော့လို့  ဟီးဟီး…)။ လာမယ့် Post မှာတော့ Revit Project တစ်ခုကို ဘယ်လို Setting လုပ်သလဲ ဆိုတဲ့ ခေါင်းစဉ် နဲ့  ဆွေးနွေးသွားပါမယ် ဆိုတာ ကြော်ငြာရင်း….