Thursday, 25 April 2013
ကျွန်တော် နားလည်မိသော CAD နဲ့ BIM ရဲ့ ကွဲပြားခြားနားချက်များ - အပိုင်း(၂)
ကဲ… CAD ဆိုတာ Computer Aided Design ပါ။ Computer အကူအညီနဲ့  Design တွေ ရေးဆွဲတဲ့ Technology တခုပါပဲ။ တချိန်က ကျွန်တော်တို့  ဂုဏ်ယူဝံ့ကြွား ဖက်တွယ်ခဲ့ရတဲ့ T-Square/ Set-Square တွေနဲ့  ရေးဆွဲခဲ့ရတဲ့ Manual Drafting Technology နေရာကို အစားထိုးဝင်ရောက်လာခဲ့တဲ့ Technology တခုပေါ့။
2D Drawing တွေ Design တွေ ကို Arc, Circle, Square စတဲ့ Geometry Line တွေနဲ့  ပေါင်းစပ် ပုံဖေါ်ကြရတယ်။ Wall ဆိုရင်လည်း Line ၂ ကြောင်းနဲ့ ဖန်တီးကြရတယ်။ Column ဆိုရင်လည်း Line ၄ ကြောင်းနဲ့ ဖန်တီးကြရတယ်။
3D Model တွေ ဖန်တီးတဲ့ အခါမှာလည်း ဒီ Geometry Line တွေကိုအခြေခံပြီး Solid တို့ Surface တို့ ကို ဖန်တီးကြရတယ်။
ဒါကြောင့် CAD Technology နဲ့  Model ဖန်တီးကြသမျှကို Geometry Based Modeling လို့ ခေါ်ဝေါ်ကြတယ်။ တနည်းပြောရရင်တော့ Information အသေ တွေကိုသာ သယ်ဆောင်ထားနှိုင်တဲ့ Model တွေလို့ ဆိုကြတယ်။ (ဥပမာ- Table ပုံဖေါ်ထားပေမယ့်လည်း အဲဒီ Model ကို Select လုပ်ပြီး Properties Pane ကနေ စစ်ကြည့်တဲ့အခါ Line, Arc, Solid, Surface စတဲ့ Geometry Information တွေကိုသာ တွေ့ ရမှာဖြစ်လို့ ပဲ။)
BIM ဆိုတာကရော…
ကျွန်တော် နားလည်မိသော CAD နဲ့ BIM ရဲ့ ကွဲပြားခြားနားချက်များ - အပိုင်း(၁)
CAD နဲ့ BIM ရဲ့ ကွဲပြားခြားနားချက်တွေ မစမီ အရင်ဆုံး ဆွေးနွေးချင်တာက Model
Model ဆိုတာ Graphical, Mathematical (Symbolic), Physical or Verbal Representation တဲ့။ ဒါမှမဟုတ်ရင် Simplified version of Concept, Phenomenon, Relationship, Structure, System တဲ့။ ဒါမှမဟုတ်ရင် an aspect of the real world တဲ့။
ချုပ်ပြီပြောရရင်တော့ Model ဆိုတာ Abstraction တခုပါတဲ့။ Idea အနေနဲ့ သာ တည်ရှိနေတဲ့ တခုခု သောအရာကို ဆိုလိုတာပါတဲ့။
ခင်ဗျားတို့ ကော ဘယ်လို ဘာသာပြန်ကြမလဲ။…
အစကတော့ 3D မှ Model လို့  ထင်ခဲ့တာ ဟုတ်ဘူးပဲ။ Line တစ်ကြောင်း၊ shape တစ်ခုဟာလည်း Idea/ Concept တွေကို ဖေါ်ပြနှိုင်တဲ့ Model တွေပဲလေ။
Wednesday, 24 April 2013
ကျွန်တော် နားလည်မိသော BIM ၏ နိယာမများ - အပိုင်း(၂)
Why BIM?
ဘာကြောင့်များ BIM ကြတာတုန်း။
Patrick MacLeamy ရဲ့ Graph ကတော့ အောက်ပါအတိုင်း ပုံဖေါ်ထားလေရဲ့ ။
ကျွန်တော်တို့ ရဲ့  Building Project Life Cycle  ကနဦး အစပိုင်းဆိုတော့ ငွေကြေးအင်အား ကလည်းတောင့်တောင့်တင်းတင်း  နဲ့  Functional  Capabilities တွေကို နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်ကြတယ်။ တဖြေးဖြေးနဲ့  Project လည်းပြီးခါနီးရော ငွေကြေးအင်အား တွေကလည်း နဲလာတာပေါ့။ ဒီကြားထဲ Client တွေက အစပိုင်းမှာတော့ 2 millions သုံးဖို့  ယာထားရာ က အကြောင်းကြောင်းကြောင့် 1 million ပဲ သုံးချင်တော့တာမျိုးတွေလည်း ကြုံကြရတတ်တယ်။
Design Process ရဲ့ Cost ကျတော့ အပေါ်ကနဲ့  ပြောင်းပြန်…။ အစပိုင်းမှာ တော့ ဘာမှ မကုန်သလိုပဲ။ (ဘာမှ မှ မလုပ်ရသေးပဲကို…) Design ရဲ့ ရုပ်လုံးပေါ်လာလေလေ Design Changes တွေက တိုးပွားလာလေလေ နဲ့  Project ကြီးပြီး လို့  Client ကို အပ်တဲ့အထိ ဆိုတော့ စဉ်းစားကြည့်ကြပေတော့။
Traditional Design Process အနေနဲ့ ကျတော့ Consultant Design Stage နဲ့  Construction Stage ကို တသီးတခြားစီ ဖြစ်အောင် ပိုင်းခြားထားတာ။ နံရံတချပ်ခြားထားသလိုမျိုးပေါ့။ Consultant Design Stage မှာ မရှင်းမလင်းခဲ့သမျှ အရှုပ်ထုပ်ကြီးကို Construction Stage ကျတော့မှ ရှင်းကြရတာ။ အဲဒီအချိန်လည်းကျရော Client တစခန်း ထလာပြန်ရော။ အစကဒီလိုမှန်းမသိလို …့၊ ဒီလိုပုံစံမျိုးကို သဘောတူထားတာ မဟုတ်ဘူး။ ဒီလိုပုံစံမျိုးဆိုရင်တော့ လက်ခံနှိုင်စရာအကြောင်းမရှိဘူး။ လိုချင်တာက… ဒါကဟိုလို… ဟိုဟာကဒီလို… စသဖြင့်ပေါ့။ 
ဆိုတော့ကာ Design Process ရဲ့ Effort တွေဟာ Construction Stage မှာ အမြင့်မားဆုံးပဲ။ လုပ်လိုက်ရတဲ့ Coordination တွေ၊ ပြင်လိုက်ရတဲ့ Design တွေ၊ တွေ့ လိုက်ရတဲ့ Design Discrepancy တွေ၊ သုံးလိုက်ရတဲ့ Man Power/ Hour တွေ၊…။ အဲဒီလို Non Value Added Activities တွေကြောင့် သုံးစွဲလိုက်ရတဲ့ Budget Amount ဟာ Overall Construction Process Budget Amount ရဲ့ 20% တောင်ရှိနှိုင်တယ်လို့  Research တွေက ဖေါ်ပြကြတယ်။ အဲဒါအပြင်
  • Quality and Safety
  • Constructibility
  • Excess Material Consumption
  • Poor Material Management
စတဲ့ အကြောင်းတရားတွေပါ ၀ိုင်းနှုတ်လိုက်တော့ တကယ့် Value Added Activities တွေအတွက် သုံးစွဲလိုက်ရတဲ့ Budget Amount ဟာ Overall Construction Process Budget Amount ရဲ့ 53% လောက်ပဲ ကျန်တော့တယ်တဲ့။ (ဒါကြောင့် အကိုတယောက်က ပြောဖူးတာ။ အဆောက်အဦး ဆောက်တာ၊ ပြင်တာလုပ်တဲ့အခါ ကိုယ်က 100 ပေးလိုက်ရပေမယ့် အဲဒီ 100 ဖိုးလုံး ပြန်ရဖို့  မမျှော်လင့်နဲ့  တဲ့။ 50 ဖိုးလောက်ရရင်ကို မင်း အတော်ကံကောင်းနေပြီတဲ့။ အဆောက်အဦး ဆောက်တာလည်း အလှူ တမျိုးပဲတဲ့။ သူကတော့ သူ့  အတွေ့ အကြုံအရပြောတာ။ ဒါပေမယ့် Globally ကို မှန်နေမှန်း အဲဒီ Research ရဲ့ Chart တွေ့ မှပဲ သိလိုက်ရတယ်။)
ဆိုတော့ကာ… အဲဒီ Non Value Added Activities တွေ ကို အတတ်နှိုင်ဆုံး လျှော့ချဖို့  ပညာရှင်တွေက နည်းလမ်းတွေ လိုက်တာ BIM Process ကို သွားတွေ့ တော့တာပါ။
BIM Process ကိုအသုံးပြခြင်းအားဖြင့် Construction Stage ကျတော့မှ ရှင်းကြရမယ့် အရှုပ်ထုပ်ကြီးကို Consultant Design Stage ဆီဆွဲတင်ပြီး အဲဒီ Stage မှာတင် Black and White ဖြစ်အောင် ဖြေရှင်းလာနှိုင်ကြတယ်။ Contractor တွေကိုလည်း Consultant Design Process တွေထဲကို ပါဝင်နှိုင်စေခဲ့လို့  Construction Stage ကျမှ ကြုံတွေ့ မယ့် ပြသနာ အတော်များများ ကို ကြိုတင်ဖြေရှင်းထားနှိုင်ကြတယ်။ 
ဒါ့အပြင် Client အပါအ၀င် Stakeholder အားလုံး Virtual Construction တခုကို တကယ့် Construction မစတင်မီ Rehearsal အနေနဲ့  အတူတကွ ပါဝင်တည်ဆောက်နှိုင်ကြတယ်။ အဲဒီမှာတင် လိုအပ်တဲ့ Informed Decision တွေ ချနှိုင်ကြတယ်။ Construction Stage အတွက် လိုအပ်မယ် Project Planning/ Management တွေကို ပိုမိုတိကျသေချာစွာ ပြင်ဆင်နှိုင်ကြတယ်။ Construction Stage ကို ပိုမိုချောမွေ့  လာစေတယ်။ Non Value Added Activities တွေ ကို ရာခိုင်နှုန်း အတော်များများ လျှော့ချလာနှိုင်တယ်။
ဒါ့အပြင် Maintenance & Operation Stage အထိကို အကျိုးပြုနှိုင်လို့ လည်း BIM Technology က အချိန်တိုအတွင်းမှာ AEC တလောကလုံး ကို လွှမ်းမိုး ခြယ်လှယ်လာနှိုင်ခဲ့တာပေါ့။
ကျွန်တော် နားလည်မိသော BIM ၏ နိယာမများ - အပိုင်း(၁)
BIM ဆိုတာ ဘာလဲ…။
BIM ဆိုတာ Building Information Modeling ရဲ့ အတိုကောက်ပေါ့ ။ (ရှင်းတယ်နော်…:P)
တတ်သလောက် မှတ်သလောက် နဲ့  ဘာသာပြန်ရရင်တော့…
ဒါမှမဟုတ် Information Model ကို တည်ဆောက်ခြင်း (Building) နည်းပညာလား…။
အရိုးရှင်းဆုံး တခုကိုတွေ့ လိုက်ရတာကတော့ Building နဲ့  Modeling ရဲ့ ကြားမှာ ကားကားကြီး ဖြစ်နေတဲ့ Information ပဲ။ Modeling ဆိုတဲ့ Design Process နဲ့  Building ဆိုတဲ့ Construction/ Operation Process တွေရဲ့ ကြားမှာ Information ဆိုတာက ပေါင်းကူး ဆက်စပ်ပေးနေတယ် ဆိုတယ်လို့  ခံစားလာမိတယ်။
ဆိုတော့ကာ…
BIM ဆိုတာ ဘာလဲ…။
“BIM is a descriptive term for technologically advanced processes in Building Design”
အဆင်ပြေသလိုသာ ဘာသာပြန်ကြပေတော့…။
BIM ဆိုတာ 3D Model အပေါ်မှာ အခြေခံတယ်။ အဲဒီ 3D Model ဟာ intellectual ဖြစ်တဲ့ Model မျိုးကို ဆိုလိုတာဖြစ်တယ်။ အစစ်အဆေးခံနှိုင်လောက်အောင်ကို အရည်အချင်း ပြည့်ဝလို့ ပဲ ကျွန်တော်တို့ ရဲ့  Building Project Life Cycle တခုလုံးမှာ နည်းမျိုးစုံနဲ့  အသုံးပြုလာကြရတယ်။
အဲဒီလို အသုံးပြုတဲ့ အခါမှာ စနစ်ကျနပြီး တိကျသေချာဖို ၊ ထိရောက်ဖို့ ၊ ထုတ်လုပ်မှုမြန်ဆန်ဖို့ ၊ အရည်အသွေးမြင့်မားဖို့ ၊ …စတာစတာတွေ အတွက် BIM ဆိုတဲ့ New Technology တခု ကျွန်တော်တို့  AEC လောကကြီးထဲ ၀င်ရောက် နေရာယူခြယ်လှယ် လာပါတော့တယ်။
BIM ဆိုတာ ဘာလဲ…။
BIM ဆိုတာ Building Project Life Cycle  တခုလုံးကို အစမှ အဆုံးတိုင် လိုအပ်တဲ့  Information တွေကို Digital Format အနေနဲ့ 
  • Creating
  • Storing
  • Maintaining
  • Developing
  • Sharing
  • Integration
  •  Collaboration
  •  Communication
စတဲ့ လုပ်ဆောင်ချက်တွေကို စီမံဆောင်ရွက်နှိုင်တဲ့ New Technology တခုပါပဲ။
အဲဒီ BIM Technology ကို အသုံးပြုပြီး လည်ပတ်နေတဲ့  Process ကြီးရဲ့ အောက်မှာ အလွှာပေါင်းစုံ ၊ အဖွဲ့ အစည်း ပေါင်းစုံက အသိပညာ အတတ်ပညာရှင်တွေဟာ Building Project တခုကို အတူတကွ ပူးပေါင်းဆောင်ရွက်နှိုင်ကြတယ်။ အထက်ကဖေါ်ပြခဲ့  သလိုပဲ Project နဲ့ ဆိုင်တဲ့ Information တွေကို တဦးနဲ့ တဦး ၊ အဖွဲ့ အစည်း တခုနဲ့ တခု Sharing လုပ်နှိုင်ကြတယ်။ လိုအပ်တဲ့ Information တွေကို Integration လုပ်နှိုင်ကြတယ်။ Digital Format အနေနဲ့  ဖန်တီးထားတဲ့ BIM Model အပေါ်မူတည်ပြီး တဦးနဲ့ တဦး ၊ အဖွဲ့ အစည်း တခုနဲ့ တခုကြား Communication လုပ်နှိုင်ကြတယ်။ Collaboration ဆိုတဲ့ Idea တွေ ၊ Concept တွေ ဆွေးနွေးနှိုင် ၊ ဖလှယ်နှိုင် ၊ အတူတကွ ဆုံးဖြတ် အဖြေရှာနှိုင်ကြတယ်။
တနည်းပြောရရင်တော့ Body Language လိုပဲ BIM Model အပေါ်အခြေခံတဲ့ Model Language တခု ကျွန်တော်တို့  AEC လောကကြီးထဲ ဘုရားသခင် ဖန်ဆင်းပေးလိုက်သလိုပါပဲ။ လူမျိုးမတူချင်နေ ၊ ဘာသာစကား မတူချင်နေ ၊ ရေမြေခြားနေအုံးတော့ … (Internet Connection ကောင်းနေသမျှ) Model Language ကို အသုံးပြူပြီး တဦးနဲ့ တဦး ၊ အဖွဲ့ အစည်း တခုနဲ့ တခုကြား Communication/ Collaboration လုပ်နှိုင်နေကြအုံးမှာပါပဲ။
တကယ်တော့ BIM ဆိုတာ IT Age မှာ အသစ် ပေါက်ဖွားလာတဲ့ နည်းပညာတော်လှန်ရေး (Technological Revolution) လို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါပေမယ့် သူဟာ မြင်းရိုင်းတကောင်ရဲ့  လျှင်မြန်မှုမျိုးနဲ့  ခရီးနှင်နေလေတော့ သူ့ ကို အမှီလိုက်နှိုင်ဖို့  ၊ အုပ်စီးကွပ်ကဲနှိုင်ဖို့  ကျွန်တော်တို့ တတွေ ကြံ့ခိုင် ဇွဲရှိကြဖို့  ၊ BIM Learning Curve ဆိုတဲ့ ရေစီးကြောင်းမှာ ရူးသွပ်စွာစီးမျောကြဖို့  ခရီးတူ မောင်နှမတွေကို ဒီနေရာကနေ တိုက်တွန်းအားပေးလိုက်ပါရစေ။
BIM ဆိုတာရဲ့ နောက်မှာ အမြဲတမ်း တွဲပါနေမယ့် Sharing, Integration, Collaboration နဲ့  Communication ဆိုတာတွေကို နှလုံးသားထဲ အမြဲပဲ အမှတ်ရပေးနေပါ…လို့ ။ :P
SITE MODEL တခု ဖန်တီးကြည့်ကြရအောင်
SITE MODEL တခုကို Revit Platform ပေါ်မှာ ဖန်တီးဖို့ ဆိုရင် အရင်ဦးဆုံး လိုအပ်တဲ့ Information တွေ၊ Preapration တွေကို အရင်စုဆောင်းရ ပြင်ဆင်ရပါတယ်။
ပထမဦးစွာ Site Plan, Topo Survey Plan နဲ့  Building Layout Plans တွေကို House-keeping အနေနဲ့  Purge/ Audit တို့ ကို CAD Platform  ပေါ်မှာ အရင်ဆုံး  ပြင်ဆင်ဆောင်ရွက်ကြရတယ်။
ဒုတိယအနေနဲ့  အဲဒီ  Layout Plans တွေကို တူညီတဲ့ Orientation  နဲ့  Insertion/ Reference Point ဖြစ်စေဖို့  လိုအပ်သလို  ပြင်ဆင်ဆောင်ရွက်ကြရပြန်ပါတယ်။ ဒါမှလည်း Revit Platform ပေါ်ကို တင်တဲ့အခါမှာ Orientation/ Location တို့ ကို ထပ်မံ လုပ်ဆောင်စရာမလိုတော့မှာဖြစ်တယ်။
 Layout Plans တွေ အဆင်သင့်ဖြစ်ပြီဆိုရင်...Revit Platform ပေါ်မှာ အောက်ဖေါ်ပြပါ အဆင့်တွေကို တဆင့်ခြင်း လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
  • Linking CAD File
  • Setting True North 
  • Creating Property Line
  • Specifying Coordinates
  • Creating Grid
  • Creating Level
  • Exploring Project Base Point and Survey Point
  • Relocating Project 
စတဲ့ အဆင့်ဆင့်ကို Video Clip ၂ခုနဲ့ တတ်နှိုင်သလောက် ကြိုးစားပြီး တင်ပြထားပါတယ်။
(Site Modelling 001)
(Site Modeling 002)
ရှေ့ လာမယ့် Post မှာတော့ Topo Surface နဲ့ တကွ Site Elements တွေ ဘယ်လို ဖန်တီးတယ်ဆိုတာလေးတွေ တင်ပြသွားပါမယ်ဆိုတာ ကြော်ငြာရင်း....