Why BIM?
ဘာကြောင့်များ BIM ကြတာတုန်း။
Patrick MacLeamy ရဲ့ Graph ကတော့ အောက်ပါအတိုင်း ပုံဖေါ်ထားလေရဲ
့။
ကျွန်တော်တို့ ရဲ့  Building Project Life Cycle ကနဦး အစပိုင်းဆိုတော့ ငွေကြေးအင်အား ကလည်းတောင့်တောင့်တင်းတင်း
နဲ့  Functional Capabilities တွေကို နိုင်နိုင်နင်းနင်း
ဆောင်ရွက်နိုင်ကြတယ်။ တဖြေးဖြေးနဲ့  Project လည်းပြီးခါနီးရော ငွေကြေးအင်အား တွေကလည်း
နဲလာတာပေါ့။ ဒီကြားထဲ Client တွေက အစပိုင်းမှာတော့ 2 millions သုံးဖို့  ယာထားရာ က
အကြောင်းကြောင်းကြောင့် 1 million ပဲ သုံးချင်တော့တာမျိုးတွေလည်း ကြုံကြရတတ်တယ်။
Design Process ရဲ့ Cost ကျတော့ အပေါ်ကနဲ့  ပြောင်းပြန်…။
အစပိုင်းမှာ တော့ ဘာမှ မကုန်သလိုပဲ။ (ဘာမှ မှ မလုပ်ရသေးပဲကို…) Design ရဲ့ ရုပ်လုံးပေါ်လာလေလေ
Design Changes တွေက တိုးပွားလာလေလေ နဲ့  Project ကြီးပြီး လို့  Client ကို အပ်တဲ့အထိ
ဆိုတော့ စဉ်းစားကြည့်ကြပေတော့။
Traditional Design Process အနေနဲ့ ကျတော့ Consultant
Design Stage နဲ့  Construction Stage ကို တသီးတခြားစီ ဖြစ်အောင် ပိုင်းခြားထားတာ။
နံရံတချပ်ခြားထားသလိုမျိုးပေါ့။ Consultant Design Stage မှာ မရှင်းမလင်းခဲ့သမျှ အရှုပ်ထုပ်ကြီးကို
Construction Stage ကျတော့မှ ရှင်းကြရတာ။ အဲဒီအချိန်လည်းကျရော Client တစခန်း ထလာပြန်ရော။
အစကဒီလိုမှန်းမသိလို …့၊ ဒီလိုပုံစံမျိုးကို သဘောတူထားတာ မဟုတ်ဘူး။ ဒီလိုပုံစံမျိုးဆိုရင်တော့
လက်ခံနှိုင်စရာအကြောင်းမရှိဘူး။ လိုချင်တာက… ဒါကဟိုလို… ဟိုဟာကဒီလို… စသဖြင့်ပေါ့။
ဆိုတော့ကာ Design Process ရဲ့ Effort တွေဟာ Construction Stage မှာ အမြင့်မားဆုံးပဲ။
လုပ်လိုက်ရတဲ့ Coordination တွေ၊ ပြင်လိုက်ရတဲ့ Design တွေ၊ တွေ့ လိုက်ရတဲ့ Design
Discrepancy တွေ၊ သုံးလိုက်ရတဲ့ Man Power/ Hour တွေ၊…။ အဲဒီလို Non Value Added
Activities တွေကြောင့် သုံးစွဲလိုက်ရတဲ့ Budget Amount ဟာ Overall Construction
Process Budget Amount ရဲ့ 20% တောင်ရှိနှိုင်တယ်လို့  Research တွေက ဖေါ်ပြကြတယ်။ အဲဒါအပြင်
- Quality and Safety
- Constructibility
- Excess Material Consumption
- Poor Material Management
စတဲ့ အကြောင်းတရားတွေပါ ၀ိုင်းနှုတ်လိုက်တော့ တကယ့် Value
Added Activities တွေအတွက် သုံးစွဲလိုက်ရတဲ့ Budget Amount ဟာ Overall Construction
Process Budget Amount ရဲ့ 53% လောက်ပဲ ကျန်တော့တယ်တဲ့။ (ဒါကြောင့် အကိုတယောက်က ပြောဖူးတာ။
အဆောက်အဦး ဆောက်တာ၊ ပြင်တာလုပ်တဲ့အခါ ကိုယ်က 100 ပေးလိုက်ရပေမယ့် အဲဒီ 100 ဖိုးလုံး
ပြန်ရဖို့  မမျှော်လင့်နဲ့  တဲ့။ 50 ဖိုးလောက်ရရင်ကို မင်း အတော်ကံကောင်းနေပြီတဲ့။
အဆောက်အဦး ဆောက်တာလည်း အလှူ တမျိုးပဲတဲ့။ သူကတော့ သူ့  အတွေ့ အကြုံအရပြောတာ။ ဒါပေမယ့်
Globally ကို မှန်နေမှန်း အဲဒီ Research ရဲ့ Chart တွေ့ မှပဲ သိလိုက်ရတယ်။)
ဆိုတော့ကာ… အဲဒီ Non Value Added Activities တွေ ကို အတတ်နှိုင်ဆုံး
လျှော့ချဖို့  ပညာရှင်တွေက နည်းလမ်းတွေ လိုက်တာ BIM Process ကို သွားတွေ့ တော့တာပါ။
BIM Process ကိုအသုံးပြခြင်းအားဖြင့် Construction Stage
ကျတော့မှ ရှင်းကြရမယ့် အရှုပ်ထုပ်ကြီးကို Consultant Design Stage ဆီဆွဲတင်ပြီး အဲဒီ
Stage မှာတင် Black and White ဖြစ်အောင် ဖြေရှင်းလာနှိုင်ကြတယ်။ Contractor တွေကိုလည်း
Consultant Design Process တွေထဲကို ပါဝင်နှိုင်စေခဲ့လို့  Construction Stage ကျမှ
ကြုံတွေ့ မယ့် ပြသနာ အတော်များများ ကို ကြိုတင်ဖြေရှင်းထားနှိုင်ကြတယ်။
ဒါ့အပြင်
Client အပါအ၀င် Stakeholder အားလုံး Virtual Construction တခုကို တကယ့် Construction
မစတင်မီ Rehearsal အနေနဲ့  အတူတကွ ပါဝင်တည်ဆောက်နှိုင်ကြတယ်။ အဲဒီမှာတင် လိုအပ်တဲ့
Informed Decision တွေ ချနှိုင်ကြတယ်။ Construction Stage အတွက် လိုအပ်မယ် Project
Planning/ Management တွေကို ပိုမိုတိကျသေချာစွာ ပြင်ဆင်နှိုင်ကြတယ်။ Construction
Stage ကို ပိုမိုချောမွေ့  လာစေတယ်။ Non Value Added Activities တွေ ကို ရာခိုင်နှုန်း
အတော်များများ လျှော့ချလာနှိုင်တယ်။
ဒါ့အပြင် Maintenance & Operation Stage အထိကို အကျိုးပြုနှိုင်လို
့လည်း BIM Technology က အချိန်တိုအတွင်းမှာ AEC တလောကလုံး ကို လွှမ်းမိုး ခြယ်လှယ်လာနှိုင်ခဲ့တာပေါ့။

No comments:
Post a Comment