Saturday, 14 April 2012

REVIT PLATFORM သို့  ချဉ်းကပ်ခြင်း - အပိုင်း(၃)

DESIGN MODEL တစ်ခုရဲ့  WORK FLOW
Building တစ်လုံးကို Revit Platform မှာ တည်ဆောက်တော့မယ်ဆိုရင် 

1.    ပထမဆုံးလိုအပ်တာက အဲဒီ Building တည်ဆောက်မယ့်နေရာရဲ့  လက်ရှိမြေမျက်နှာသွင်ပြင်အနေအထားပါ။ အဲဒီအတွက် ပုံမှန်အားဖြင့် Dwg Format နဲ့  Survey Info တွေ ပြည့်စုံတဲ့  Topo Plan တစ်ပုံ လိုအပ်ပါတယ်။ Topo Plan မှာပါဝင်နေတဲ့ Survey Points တွေဟာ Real Position မှာရှိနေ ဖို့ အရေးကြီးပါတယ်။ (တခါတလေမှာ Flatten လုပ်ပြီးသား ဖြစ်နေတတ်လို့ ပါ။ အကြောင်းကတော့  Topo Plan.dwg ကို Revit Project ထဲကို Link/ Import Dwg လုပ်ပြီးတာနဲ့  အဲဒီ ပုံရဲ့  Survey Points တွေနဲ့  3D Topo Surface ကို Create လုပ်မှာမို့ လို့ ပါ။ Autodesk Civil 3D ကနေလည်း 3D Topo Surface ကို ရနိုင်ပါတယ်။)
2.    Revit Project ထဲကို Topo Plan ရောက်လာပြီဆိုရင် Project ရဲ့ လက်ရှိပထ၀ီအနေအထားတွေကို စပြီး Set Up ရပါမယ်။ အဓိက လုပ်မှာက
  • Project North and True North
  • Site Property Line
  • Coordinates
  • Relocate the Project Level… စတာတွေကို Set Up ရပါမယ်။ (Project Location/ Address ကို အတိအကျသိရင်ဖြင့် လက်ရှိမြေမျက်နှာသွင်ပြင်အနေအထားအပြင် အချိန်ရာသီကိုလိုက်ပြီး အဲဒီနေရာဒေသရဲ့  ရာသီဥတု၊ နေ၀င်နေထွက်လမ်ကြောင်း စတာတွေကိုပါ ပြင်ဆင်နှိုင်တာပေါ့။)
3.    အဲဒီနောက် ကိုကိုမမ Architect တွေ Conceptual Design ကို Conceptual Mass or Mass Modeling တို့ နဲ့  စပြီးဖန်တီး လက်စွမ်းပြနိုင်ကြပါတော့တယ်။
4.    Conceptual Design ကနေ Floor Area, Wall Surface Area, Solar Study, Energy Analysis တွေ တသီကြီးကိုလည်း တဆက်တည်း လုပ်ဆောင်နိုင်ကြပါတယ်။ (အနော်တော့ ဘာမှသိဝူး…)
5.    တဆက်တည်း Grid Setting Out နဲ့  Preliminary Design ထွက်လာရင်ဖြင့် အနော်တို့ လို Structure ဘက်က အလုပ်စလုပ်လို့  ရပါပြီ။ MEP လည်း စထားလို့  ရပါတယ်။ Archi Model မှာ Finishing တွေစုံရင်တော့ MEP အတွက် System/ Analysis အပိုင်းအတွက် ပိုအဆင်ပြေမယ်ထင်တယ်နော့။ (နို့ … MEP Knowledge တော့ သုညပဲ။)
6.    Archi ရဲ့  Revit Model ကို Link ချိတ်၊ ပြီးတော့ Grids, Levels တို့ ကို Copy/ Monitor နဲ့  ကူးယူပြီး ဆိုင်ရာ Discipline ရဲ့  Revit Model ကို စတင်တည်ဆောက်ကြပါတော့တယ်။ (Copy/ Monitor နဲ့  တစ်ခြား Core Element တွေကိုလည်း ကူးယူနိုင်ပါတယ်။ ဒါပေမယ့်….မယူတာကပိုအဆင်ပြေတယ်။ Copy/ Monitor သုံးရခြင်းကတော့ Link ချိတ်ထားတဲ့ Model ရဲ့ ပြောင်းလဲမှုတိုင်းကို ခြေရာခံဖို့ နဲ့  မိမိကျေနပ်ရင် တခါတည်း လက်ခံဖို့ ပါ။ တွေဝေနေရင်လည်း ဆိုင်းငံ့လို့  ရသေးတယ်နော့။ မကျေနပ်ရင်တော့ အပြတ်သာငြင်းပစ်။ မငြင်းခင် Daddy(Project Engineer/ Manager) ကို Inform လုပ်ဖို့  မမေ့နဲ့ အုံး။ သူတို့ က ပြောပြီးဆိုပြီးနေတတ်တယ်။)
7.    တကယ်လို့  ဆိုင်ရာ Discipline မှာကိုပဲ User တစ်ယောက်ထက်ပိုပြီး Deploy လုပ်ရရင်ဖြစ်စေ၊ User တစ်ယောက်ထဲကိုပဲ စက်နိမ့်လို့ ဖြစ်စေ၊ Project က ကြီးနေလို့ ဖြစ်စေ Workset ကို အသုံးပြုပြီး အဲဒီ Project ကို အဆင်ပြေသလို စိတ်ပိုင်းဆောင်ရွက်နိုင်ပါတယ်။
8.    Client Review Stage မှာ တစ်ခုထက်ပိုတဲ့ Option တွေကို Project File တစ်ခုတည်းကနေပဲ Design Option ကို အသုံးပြုပြီး Proposal Option တွေကိုလည်း ဖန်တီးနိုင်ပါတယ်။ Client ကရွေးပြီးပြီ ဆိုတော့မှာ အဲဒီ Option ကို Accept လုပ်လိုက်ရုံနဲ့  ကျန်တဲ့ Option တွေ Auto ပျောက်သွားပါလိမ့်မယ်။
9.    A&A လို Project တွေကို တည်ဆောက်ရာမှာလည်း အင်မတန်မှ အဆင်ပြေပါတယ်။ ဘယ် Element ဟာဖြင့် New Construction ၊ ဘယ် Element ဟာဖြင့် Existing ၊ ဘယ် Element ဟာဖြင့် Demolishing လုပ်မယ့်ဟာ စသဖြင့် Phases ကိုသုံးပြီး ခွဲခြားသတ်မှတ် Assign လုပ်ထားနိုင်ပါတယ်။
10. ဒါ့အပြင် Interface Check  ကိုသုံးပြီး မိမိ Discipline Model နဲ့  အခြား Discipline Model ရဲ့  Interface တွေ အဆင်ပြေမပြေ စစ်ဆေးနိုင်ပါသေးတယ်။
11. နောက်ဆုံးပြီးသွားတဲ့ မိမိ Model ကို Rendering တို့  Walk Through တို့  လုပ်နိုင်ပါသေးတယ်။ ဆိုင်ရာ Partner Software တွေနဲ့ လည်း ချိတ်ဆက် လုပ်ဆောင်နိုင်ပါသေးတယ်။
REVIT PLATFORM သို့  ချဉ်းကပ်ခြင်းကို ဒီနေရာမှာပဲ ရပ်နားပါရစေ (ဘာဆက်ပြောရမှန်း မသိတော့လို့  ဟီးဟီး…)။ လာမယ့် Post မှာတော့ Revit Project တစ်ခုကို ဘယ်လို Setting လုပ်သလဲ ဆိုတဲ့ ခေါင်းစဉ် နဲ့  ဆွေးနွေးသွားပါမယ် ဆိုတာ ကြော်ငြာရင်း….

1 comment:

  1. တင်ပြပုံလွယ်ကူရှင်းလင်းတယ်လို့ ခံစားရပါတယ်။ Revit Platform ကိုမြင်လိုက်တော့ အတော်ကိုလန်းတဲ့ Software ကြီးလို့ခံစားမိပါတယ်။ အရမ်းလည်းတတ်ချင်ပါတယ်။ အလုပ်နဲ့လည်းဆက်စပ်နေပါတယ်။ ကျေးဇူးတင်ကြောင်းပဲ အခါခါပြောချင်မိတယ်။

    ReplyDelete