Saturday, 14 April 2012

REVIT PROJECT တစ်ခုကို SETTING ဘယ်လိုလုပ်သလဲ - အပိုင်း(၂)


REVIT ရဲ့  USER INTERFACE ကို ကနဦးလေ့လာခြင်း
Revit Software(2010 & above) တခုခုကို Launch လုပ်လိုက်ရင် ပထမဆုံးပွင့်လာတဲ့ Interface Window ကို Recent File လို့ ခေါ်ပါတယ်။ သူ့ အောက်မှာ Projects, Libraries, Resources ဆိုပြီး Panel (၃)ခုကို တွေ့ ရပါမယ်။
Projects ရဲ့ အောက်မှာ Open, New ရှိပါတယ်။
  • Open နဲ့  ရှိပြီးသား Projects File(.rvt) တွေကို ဖွင့်နိုင်ပါတယ်။ Recently ဖွင့်ထားပြီးတဲ့ File (၄) ခုလောက်ကို Preview အနေနဲ့ မြင်ရပါမယ်။
  • Projects အသစ်ဖွင့်မယ်ဆိုရင်တော့ New နဲ့ ဖွင့်မယ်။ တခုရှိတာက အဲဒီ New သုံးပြီး Projects အသစ်ဖွင့်တဲ့အခါမှာ မိမိအတွက် Project Template(.rte) ကို ရွေးချယ်ခွင့်မရှိတော့ပဲ Default Setting လုပ်ထားတဲ့ Template File သာပွင့်လာမှာပါ။ (အဲဒီ Default Setting အကြောင်းကို နောက်မှာ ရှင်းပြပါမယ်။)
Libraries ရဲ့ အောက်မှာ Open, New, New Conceptual Mass, Web Library ဆိုပြီး ရှိပါတယ်။
  • Open နဲ့  မိမိရဲ့  PC Drive, Network Server Drive ထဲက ရှိပြီးသား Family File(.rfa) တွေကို ဖွင့်နိုင်ပါတယ်။
  • Family အသစ်ဖန်တီးမယ်ဆိုရင်တော့ New နဲ့ ဖွင့်မယ်။ ပြီးရင် ဖန်တီးမယ့် Family နဲ့ ဆိုင်တဲ့ Family Template(.rft) မှန်ကန်စွာ ရွေးချယ်ဖို့  အထူးလိုအပ်လှပါတယ်။
  • New Conceptual Mass ကတော့ သမရိုးကျမဟုတ်တဲ့ Form နဲ့  Conceptual Design တွေကို ဖန်တီးရာမှာ အသုံးပြုတဲ့ Mass Model တွေကို Parameter တွေနဲ့  Assign လုပ်နိုင်သော Mass Family တွေ ဖန်တီးရာမှာ အသုံးပြုပါတယ်။ Parameter Value တွေကို ပြောင်းပေးခြင်းဖြင့် Conceptual Model ရဲ့  Form/ Shape တွေကို Control လုပ်နိုင်ပါတယ်။
  • Web Library ကတော့ Autodesk က တည်ဆောက်ပေးထားတဲ့ Autodesk Seek ဆိုတဲ့ Online Family Library ပါ။ အဲဒီကနေ မိမိလိုအပ်တဲ့ Family ကို ဆွဲယူအသုံးပြုနိုင်ပါတယ်။
Resources ရဲ့ အောက်မှာ What’s News, Helps, Video ဆိုပြီးရှိပါတယ်။
  • What’s News ကတော့ အသုံးပြုတဲ့ Version ရဲ့  New Feature တွေကို လေ့လာဖို့ ပါ။
  • Helps ကတော့ အားလုံးသိပြီးသားမို့  အထွေအထူးပြောဖို့  မလိုဘူးထင်တာပဲ။
  • Videos ကတော့ Autodesk ရဲ့  Video Training တွေကို လေ့လာဖို့ ပါ။
User Interface ရဲ့  အပေါ်ဆုံး လက်ဝဲဘက်ဒေါင့်မှာ ရှိနေတဲ့ Revit Logo လေးရှိနေတဲ့ Buttom ကို Application Menu Buttom လို့  ခေါ်ပါတယ်။ အဲဒီ Buttom ကို Click လိုက်ရင် သူ့ ရဲ့ အောက်မှာ New, Open, Save Save As, Export, Publish, Licensing, Close ဆိုပြီး List အနေနဲ့  စီပြီး ရှိနေပြန်ပါတယ်။ ညာဘက်မှာတော့ Recently ဖွင့်ထားပြီးတဲ့ File တွေကို စီပြီး တွေ့ ရပြန်အုံးမယ်။ သူတို့ ရဲ့ အောက်ဆုံးမှာတော့ Options, Exit Revit ဆိုတဲ့ Buttom (၂)ခုကို တွေ့ ရပါမယ်။

Options ရဲ့ အောက်မှာတော့ General, User Interface, Graphics, File Locations, Rendering, Spelling, SteeringWheel, ViewCube, Macros ဆိုတဲ့ Palette တွေကို စီပြီး တွေ့ ရပါမယ်။ အဲဒီအထဲမှာ မိမိပြင်ချင်တဲ့ Palette အောက်ကိုသွားပြီး ပြင်နိုင်ပါတယ်။
  • General အောက်မှာ Notifications, Username, Journal Cleanup ဆိုတဲ့ Panel (၃)ခု ကိုတွေ့ ရပါမယ်။ Notifications ရဲ့  အောက်မှာ Save/ Synchronize with Central Reminder Interval တွေကို Set up လုပ်နိုင်ပါတယ်။ Username ရဲ့  အောက်မှာ မိမိရဲ့  Nick name ကို ဖြည့်ထည့်နိုင်ပါတယ်။ Journal Cleanup ရဲ့  အောက်မှာတော့ လိုအပ်သလို Manage လုပ်နိုင်ပါတယ်။
  • File Locations ရဲ့ အောက်မှာ Default Template File, Default Path for User File, Default Path for Family Template File နဲ့ Place ဆိုတဲ့ Buttom ကိုတွေ့ ရပါမယ်။
o   Default Template File မှာ မိမိအဖွဲ့ အစည်း ရဲ့  Standard နဲ့ ကိုက်ညီမယ့် Project Template(.rte) တစ်ခုကိုဖန်တီးပြီး Default Template အဖြစ် Set Up လုပ်ထားနိုင်ပါတယ်။ ဒါမှ File New ကို အထက်ကဖေါ်ပြခဲ့တဲ့ Recent File> Projects> New (or) Quick Access Toolbar> New ကို Click လိုက်တဲ့အခါ မိမိ Set Up လုပ်ထားတဲ့ Project Template(.rte) File က အဆင်သင့်ပွင့်လာမှာဖြစ်ပါတယ်။ (Project Template(.rte) File ကြောင်း အခွင့်သင့်ရင်တော့ Post တစ်ခုအနေနဲ့  ဖေါ်ပြပါအုံးမယ်။)
o   Default Path for User File မှာတော့ မိမိရဲ့  Revit Project File ကို မိမိ Save လုပ်ချင်တဲ့ Location မှာ တခါတည်း သတ်မှတ်နိုင်ပါတယ်။ အထူးသဖြင့် Workset ကို အသုံးပြုတဲ့အခါမျိုးမှာဆိုရင်ပေါ့။ Central File ကို ဖွင့်တဲ့အခါ အဲဒီ File ကို မိမိ PC Hard Drive ထဲမှာ Local File အနေနဲ့  Save လုပ်ရပါတယ်။ ဒါကြောင့် Project အလိုက်  Save လုပ်ရမယ့် Location ကို ကြိုတင်သတ်မှတ်နိုင်ပါတယ်။
o   Default Path for Family Template File မှာတော့ Family Template(.rft) တွေရဲ့  Location ကို တခါတည်း သတ်မှတ်နိုင်ပါတယ်။ ဒါမှာ Family အသစ်တစ်ခုဖန်တီးတိုင်း အဲဒီ Family Template File တွေရဲ့  Location တွေဆီ တခါတည်းရောက်သွားတာမို့  Folder အဆင့်ဆင့်ကို ဖွင့်နေစရာမလိုတော့ဘူးပေါ့။ ပုံမှန်အားဖြင့်တော့ Revit ရဲ့  Default Location Path ကိုအထူးအထွေပြင်စရာမလိုအပ်ပါဘူး။ Place ဆိုတဲ့ Buttom ကို Click လုပ်လိုက်ရင်တော့ Family Library တွေရဲ့  Location တွေကို တစ်ခုထက်ပိုပြီး  Set Up လုပ်ထားနိုင်ပါတယ်။
·         ကျန်တဲ့ Palette တွေကတော့ Default အတိုင်းပဲ အဆင်ပြေပါတယ်။

Exit Revit ကတော့ Revit Application ကို ပိတ်ဖို့ ဖြစ်ပါတယ်။

လာမယ့် Post မှာတော့ New Project File တစ်ခု ဖန်တီးခြင်း ဆိုတဲ့ခေါင်းစဉ်လေးကို ဆက်လက်ဆွေးနွေးသွားပါမယ်ဆိုတာ ကြော်ငြာရင်း…

(ဆက်လက်ဖေါ်ပြပါအုံးမည်။….)

No comments:

Post a Comment