REVIT PROJECT တစ်ခုအတွက် CAD Software မှာ ကြိုတင်ပြင်ဆင်ခြင်း
Revit Project တစ်ခုကို Set Up လုပ်တော့မယ်ဆိုရင် CAD Software (AutoCAD/ Microstation) တစ်ခုခုမှာ လက်ခံရရှိထားတဲ့ Topo Plan ကို အရင်ဆုံး အောက်ပါအတိုင်း စစ်ဆေးမှုတွေ၊ ပြုပြင်မှုတွေကို ပြုလုပ်ရပါမယ်။
1. Topo Plan မှာပါတဲ့ Survey Point တွေဟာ သူ့ Layer နဲ့ သူ တသီးတသန့်  ရှိနေရမယ်။ (Ground Level Point, Existing Drain Top Level/ Invert Level,… စသဖြင့်ပေါ့။ Original Topo Plan မှာတော့ ပုံမှန်အားဖြင့် သူ့ Layer နဲ့ သူ ရှိနေတတ်တာ များပါတယ်။ မဟုတ်ရင်တော့ အချိန်ယူပြီး ပြုပြင်ထားသင့်ပါတယ်။ Revit ရဲ့  3D Toposurface အတွက်တော့ Ground Level Point တွေကိုပဲ ရွေးရမှာ မို့ လို့ ပါ။ ကျန်တာတွေကတော့ Building ရဲ့  Environment အတွက် လိုရင် လိုသလို အသုံးပြုဖို့ ပါ။ Existing Road/ Drain…စသဖြင့်ပေါ့။)
2. Project ရဲ့  Proposed Grid Setting Out ကို Topo Plan မှာ နေရာချထားဖို့  အလွန်လိုအပ်ပါတယ်။ သူနဲ့ တွဲပြီး True North နဲ့  Project North ကိုဖေါ်ပြထားတဲ့ အမှတ်အသားလေးကို မမေ့ဖို့  အထူးလိုအပ်လှပါတယ်။
3. Proposed Road Layout နဲ့  Project ရဲ့  Footprint တို့ ကိုပါ တခါတည်း နေရာချထားနိုင်ရင်ဖြင့် အတိုင်းထက်အလွန်ပေါ့။
4. မလိုအပ်တဲ့ Section တို့ ၊Tree Table တို့ နဲ့  အခြား မလိုအပ်တဲ့ Element တွေကို ကြိုရှင်းထားသင့်ပါတယ်။ Topo Plan က အဓိကယူမှာက
a. Existing Groung Level Points
b. Site Boundary
c. North Point Symbol
d. Existing Road/ Drain… ဒီလောက်ဆို လုံလောက်ပြီထင်တာပဲ။ ပြီးရင် Audit တို့ ၊ Purge တို့ လုပ်ဖို့ က အရေးကြီးပြန်ရော။ ဒါမှာ့ ချိတ်မယ့် Topo Plan ရဲ့  File Size ကသေးသွားမှာ။
5. အားလုံးပြီးပြီဆိုရင် အဲဒီ Topo Plan တခုလုံးကို Site Boundary ရဲ့  ဘယ်လက်အောက်ဆုံး Point တစ်ခု(or) Grid Intersection Point တစ်ခု ကကိုင်ပြီး WCS ရဲ့ Origin Point(0,0)မှာ ပြောင်းရွေ့  နေရာချပေးရပါမယ်။
6. တကယ်လို့  2D dwg Format နဲ့ Framing Layout/ Floor Plan တွေကနေ Model တည်ဆောက်မယ်ဆိုရင်တော့ အဲဒီ 2D dwg File တွေရဲ့  Orientation နဲ့ Origin Point ကို Topo Plan ရဲ့ Setting အတိုင်းထားသင့်ပါတယ်။ ဒါမှာ Revit Project ဆီကို Origin to Origin နဲ့  Link/ Import လုပ်တဲ့အခါ 2D dwg အားလုံးဟာ တထပ်တည်းကျနေမှာဖြစ်ပါတယ်။ (ဖြစ်နိုင်ရင်တော့ အဲဒီ 2D dwg အားလုံးထဲက Model အတွက် မလိုအပ်တဲ့ Hatch, Dimension,… စတာတွေကို ရှင်းထားပြီး dxf Format ကိုပါ ပြောင်းထားသင့်ပါတယ်။ ဒါမှ တည်ဆောက်မယ့် Model ရဲ့  File Size ကြီးထွားမှုကို အတိုင်းအတာတစ်ခုအထိ ဟန့် တားနိုင်ပါလိမ့်မယ်။ တချို့ အကြံပေးချက်တွေဆိုရင် … လိုတဲ့ Element ကိုပဲချန်ပြီး ကျန်တာအားလုံးကို Delete လုပ်၊ Audit/ Purge လုပ်၊ One Layer အဖြစ်ပြောင်း၊ ပြီးရင် dxf Format နဲ့  Save လုပ်ခိုင်းတာ။ ဒါပေမယ့် ချိတ်မယ့်  2D dwg တွေက အသက်ဝင်နေသေး၊ Update လုပ်နေသေးတယ်ဆိုရင်တော့… အထက်ကဖေါ်ပြခဲ့တာတွေကို မေ့လိုက်တော့။ ဒါမှ မိမိ Model ကို Updated 2D dwg တွေနဲ့  Coordinate လုပ်နိုင်မှာ။)
ကြိုတင်ပြင်ဆင်မှုကို အသေအချာလုပ်နိုင်လေ Revit Modeling အပိုင်းမှာ ချောမွေ့ လေပါပဲ။ ဒါကြောင့် 3D Software တွေ ဘယ်လောက်ကောင်းကောင်း 2D CAD တွေကိုတော့ စွန့် ပစ်လို့  မရနိုင်သေးတာ။
လာမယ့် Post ဆိုရင်တော့ Revit ရဲ့  ရင်ခွင်သစ်ဆီကို အမှန်တကယ် ရောက်ရှိတော့မှာပါ။ ငယ်ကချစ်…အနှစ်တစ်ရာ…တဲ့…။ 2D CAD လေးတွေကို မေ့ရ၀ူးနော်…Hand-drawn ဘ၀လေးကိုကောပဲ…။
(ဆက်လက်ဖေါ်ပြပါအုံးမယ်…)
No comments:
Post a Comment