NEW PROJECT FILE တစ်ခုဖန်တီးခြင်း
Revit မှာ New Project File တစ်ခုဖွင့်ဖို့  (၃)နေရာရှိတယ်ဆိုတာကို ပြီးခဲ့တဲ့ Post တွေမှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအထဲက (၂)နေရာဖြစ်တဲ့ Quick Access Toolbars> New (and) Recent File > Projects> New တို့ ကို သုံးမယ်ဆိုရင် ကိုယ့်မှာ အဆင်သင့်ပြင်ဆင်ထားတဲ့ Project Template File(.rte) ကို Options> File Location ရဲ့ အောက်မှာ အသင့် ချိတ်ထားဖို့  လိုအပ်ပါတယ်။ ဘာမှ အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာတော့ ကျန်တဲ့ (၁)နေရာဖြစ်တဲ့ Application Menu> New> Project ကပဲ သွားသင့်ပါတယ်။ ဒါမှ မိမိအသုံးပြုချင်တဲ့ Unit (Metric/ Imperial) နဲ့  Project Template File(.rte) ကို ရွေးချယ်နိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်ပိုင် Project Template File(.rte) ကို ဖန်တီးချင်ရင်ပဲဖြစ်ဖြစ်ပေါ့။ ကဲ…ပြောနေကြာရော့မယ်။ New Project File တစ်ခု ဖွင့်လိုက်ကြရအောင်။
Go to Application Menu> New> Project ဆိုရင်ပဲ New Project Dialog Box လေး ပွင့်လာပါလိမ့်မယ်။ အဲဒီမှာ Template File ရယ်၊ Create New ရယ် ဆိုပြီး အပိုင်း(၂)ပိုင်းတွေ့ ရပါမယ်။
Template File ရဲ့ အောက်မှာ None, C:/… ဆိုတဲ့ Option (၂)ခုရှိပါမယ်။
- None ကတော့ AutoCAD ရဲ့  Start from Scratch နဲ့ တူပါတယ်။ ဘာမှာမပါတဲ့ ဟောင်းလောင်း File တစ်ခုပါပဲ။ တော်ရုံ Expert တွေတောင် မသုံးကြတဲ့ Option ပါပဲ။ (ကြုံတုန်းပြောရအုံးမယ်။ Revit Platform မှာ ဖြစ်နိုင်ရင် New Project File ဖန်တီးတဲ့အခါ Default ပေးထားတဲ့ Template File(.rte) တွေကနေပဲသွားသင့်ပါတယ်။ New Family ဆောက်ရင်လည်း မကျွမ်းကျင်ခင်မှာ ရှိနှင့်ပြီးသား Family ကို Save As လုပ်ပြီး ဆိုင်ရာ Parameter တွေကို မိမိလိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြုပြင်ပြီး သုံးတာက ပိုပြီးသင့်တော်ပါတယ်။ ဒါမှ ကိုယ်လည်း အဲဒီ Process တွေနဲ့  အလျင်အမြန် ရင်းနှီးသွားမှာဖြစ်ပါတယ်။ မဟုတ်ရင် အစမှာတင် တစ်ပြီး စိတ်ရှုပ်စရာတွေအဖြစ် ထင်သွားတတ်ပါတယ်။)
- ဒါကြောင့် C:/… ဆိုတဲ့ Option ရဲ့ ဘေး Browser ကနေတဆင့် Default ပေးထားတဲ့ Template File(.rte) တွေထဲက သင့်တော်မယ့် Template (i.e. DefaultMetric.rte) ကို ရွေးပါ့မယ်။
ကဲ…ဒုတိယအပိုင်းဖြစ်တဲ့ Create New ရဲ့ အောက်မှာတော့ Project ရယ်၊ Project Template ရယ်ဆိုပြီး Option (၂)ခုရှိပြန်ပါတယ်။ ဒါကတော့ အခုအသစ်ဖွင့်ချင်တဲ့ File ကို Project File အနေနဲ့ ဖွင့်မလား၊ Project Template File အနေနဲ့ ဖွင့်မလားဆိုတာကို ဆုံးဖြတ်ဖို့ ပါ။ (တခါတလေစိတ်နဲ့ လူနဲ့  မကပ်တဲ့ အခါ ကိုယ်က Project File ဖွင့်ချင်တာကို Project Template File အနေနဲ့  ဖွင့်ပြီး ဆွဲမိနေတတ်ပါတယ်။ အဲဒီ File Format နှစ်ခုဟာ အားလုံးနီးပါး ဆင်တူပါတယ်။ ပြသနာက Project Template File Format မှာ Collaborate အောက်က Worksets, Synchronize တို့ ကိုသုံးလို့ မရခြင်းပါပဲ။ ဒါကြောင့် Project Template File တွေကို Central File အနေနဲ့  အသုံးမပြုနိုင်တာပါ။) ပေရှည်နေတာနဲ့  ခုထိ New Project File ကို ဖွင့်တဲ့ဆီ မရောက်တော့ဘူး။ ကဲ… Project ဆိုတာလေးကိုရွေးပြီး Project အသစ်တခု ဖွင့်လိုက်ကြစို့ ။
လာမယ့် Post မှာတော့ Revit ရဲ့  Main UI(User Interface) ကို ဖွင့်လှပ်ခြင်း ဆိုတဲ့ခေါင်းစဉ်လေးကို ဆက်လက်ဆွေးနွေးသွားပါမယ်ဆိုတာ ကြော်ငြာရင်း…
(ဆက်လက်ဖေါ်ပြပါအုံးမည်။….)
ကျေးဇူးအထူးတင်ပါတယ်၊ Post အသစ်တွေကို စောင့်မျှော်လျက်
ReplyDelete